Friday, May 23, 2014

Wood and bamboo သစ်နဲ့ဝါး အားဖြစ်စေရမယ်

• ‘ပုဆိန်ရိုး’ ခေတ်တိုင်းမှာ တမျိုးစီရှိတယ်။
• ဗခက နေဝင်းအာဏာသိမ်းပြီးကာစ ‘ပမညတ’ တွေက နေရာတွေယူဘို့ ကြိုးစားကြတယ်။ မကြာပါ ဗိုလ်နေဝင်းဟာ သူလိုချင်သူတွေနဲ့သာ ‘မဆလ’ ထောင်လိုက်တယ်။ ‘ပမညတ’ နစ်မြုပ်ပျောက်ကွယ် သွားရတော့တယ်။
• ‘နဝတ/နအဖ’ အာဏာသိမ်းပြီးနောက် ကောက်ကာငင်ကာ၊ ‘အလံနီ’ တွေက နေရာယူဘို့ပြင်လာကြတယ်။ စာတိုပေစတွေ ရေးပေးကြတယ်။ မကြာပါ အလံနီဇာတ်လမ်း ကျဆုံးခန်းရောက်သွားတော့တယ်။
• အခုအစိုးရကတမျိုး၊ ‘ပြည်ပအားကိုး’ ဆိုသူတွေကို မဲရာကနေ ဖြူစေပြီး၊ ‘ပ ပညာရှင် ပြည်တော်ဝင်’ စေတယ်။

• ‘ပြည်ပအားကို ပုဆိန်ရိုး’ လို့စသုံးခဲ့တာက ဗခက နေဝင်းဖြစ်တယ်။ သူ့အမွေဆက်ခံသူတွေကနေ အစဉ်အဆက် လိုက်နာကြတယ်။
• ပုဆိန်သွားကို သစ်သားရိုးတပ်ပြီး သစ်ပင်ခုတ်ဘို့သုံးတာကို တင်စားတာပါ။
• အိုဟောင်းပြီး ညွှတ်ကျနေတဲ့သစ်ကိုင်းတွေကို သစ်သားတွေနဲ့ ထောက်ပေးကြပါ။ အိမ်အိုများကို ဝါးတွေနဲ့ ကျားကန်ပေးကြပါ။ ကြိမ်ကြိုးလုပ် တုပ်နှောင်စည်းပေးကြပါ။
• သစ်နဲ့ဝါးဟာ လူထုအတွက်အားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၄
ညနေ ၇ နာရီ၊ ၄ဝ မိနစ်။