Friday, May 23, 2014

Signature is significant လက်မှတ်

• လက်မှတ်၊ လက်ဗွေ၊ ကြက်ခြေခတ်၊
• သင့်ကိုယ်ပိုင် စိတ်ဓါတ်၊ သင့်ကိုယ်ပိုင် အထွတ်အမြတ်။

• သင့်အနာဂတ်ကို မှန်ကန်စွာသုံးသပ်၊
• သင့်လက်မှတ်ကို တည့်မတ်စွာဆုံးဖြတ်၊
• သင့်အထွတ်အမြတ် လူထုလက်ကိုအပ်။

• သင့်လက်မှတ်နဲ့ နှောင်ကြိုးကိုဖြတ်၊
• သင့်လက်မှတ်နဲ့ ရောဂါပိုးကိုသတ်၊
• မဲနဲ့မတတ်နိုင်တာကို လက်မှတ်နဲ့ဖြတ်။

• သင့်လက်မှတ်နဲ့ ကမ္ဘာတုန်အောင်၊
• နယ်အစုံက လူကုန်ပါဝင်ကြ။ ။

ဒေါက်တာတင့်ဆွေ
(၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ကောက်ယူရာမှာ တက်ကြွစွာပါဝင်ကြ။)