Friday, May 23, 2014

Once upon a time in 1990 ၁၉၉ဝ မှာ ပါခဲ့ဘူးတယ်

၂၇-၅-၂ဝ၁၄ နေ့ဆိုရင် ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ၂၄ နှစ်ပတ်လည်နေ့ရောက်ပါပြီ။ တချို့က ခေါက်သိမ်းပြီလားဆရာလို့ မေးလာကြတယ်။ ရွေးကောက်ပွဲ လုပ်ပေးတဲ့အစိုးရက ဇာတ်သိမ်းပြီကွလို့ ပြောတယ်။

• ၉ဝ ရလဒ်ဆိုတာ ခေါက်သိမ်းချိန်မရပါ၊
• ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်ခဲ့တယ်၊
• ပွက်ပွက်ဆူအပူကို လဖက်ရည်ကြမ်းသောက်သူခံနိုင်တယ်၊
• ကန္တာရလမ်းမယ်၊ ထမ်းပိုးသူမပါဘဲသွားတယ်၊
• ကျား၊ ခြင်္သေ့၊ တောဘုရင်၊ သမင်သာစားလို့ရမယ်၊
• နားစရာ၊ အိပ်စရာ နှီးဖြာသာလိုတယ်၊
• ခင်းနင်းသွားကြတဲ့ကမ္ဗလာ ခေါင်းပေါ်မှာတင်ထားဆဲပါ၊
• နောက်ဆုံးချိန်အထိပေါ့ဗျာ။ ။

(၁၉၉ဝ မှာ အတူတူပါခဲ့ကြသူအားလုံးကို ဂုဏ်ပြုလျက်)
ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၄