Friday, May 23, 2014

Not a flat Space but a Mass ပြားနေတဲ့ကွက်လပ် မဟုတ်

• ရန်ကုန်နဲ့ မန္တလေး လူထုဟောပြောပွဲကြီးတွေ မတိုင်မီမှာ သမတကြီးက “ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေကြောင့် ဆူပူမှုဖြစ်မှာ စိုးရိမ်ကြောင်း” လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

• ရန်ကုန် ဗိုလ်စိန်မှန်နဲ့ မန္တလေး အောင်ပင်လယ်မှာ လူထုကြီးက အင်အားပြလိုက်ကြတယ်။
• မေ (၂၇) ကနေ ဇူလိုင် (၁၉) အတွင်း ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု လုပ်ပါမယ်။
• နှစ်ကုန်အမီမှာ ဖွဲ့စည်းပုံပြင်ပါလို့ အောင်ပင်လယ်မှာ စိတ်ခေါ်မှုတရပ် ပေါ်ထွက်လာတယ်။
• လူတိုင်းကို ဝင်ခွင့်ပေးမထားတဲ့လွှတ်တော် အပြင်ဘက်က နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်ပြင်းလာတာဖြစ်တယ်။
• စစ်အုပ်စုထံက ဘာသံထွက်လာမလဲ စောင့်ကြည့်နေကြပါပြီ။
• သွေးတိုးစမ်း တုန့်ပြန်သံတခုကတော့ ဒီလူထုအင်အားကြီးကို ဘယ်ကနေ ‘စပွန်ဆာ’ ပေးသလဲ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ အဖွဲ့ကလား စသဖြင့် ‘ကွန်မင့်’ လုပ်လာတယ်။
• ဆူပူမှုဖြစ်မှာမို့ ရွေးကောက်ပွဲ ရွေ့ဆိုင်းတာဘဲ လုပ်လေမလား၊ စဉ်းစားသူတွေလဲ ရှိလာတယ်။
• စိန်ခေါ်သံကို ရင်ဆိုင်ရမှာက လက်ရှိအစိုးရ မဟုတ်ပါ။ တပ်မတော်သာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးက ရံပေးမယ်။ တန်ပြန်လှုပ်ရှားမှုတွေကိုပါ ‘စပွန်ဆာ’ ပေးလာပါလိမ့်မယ်။ ‘စပွန်ဆာ’ ကို သတိရတာက သူတို့သာရှိတယ် မဟုတ်ပါလား။

• ‘စပေ့စ်’ ချဲ့ပါဆိုတဲ့ ခေတ်သုံးစကားလဲ ရှိထားတယ်။
• သူတို့ဆိုချင်တဲ့ Space ‘စပေ့စ်’ ဆိုတာ ‘အာကာသ’ မဟုတ်ဘူး။ A blank or empty area ‘ဘာမှရှိမနေတဲ့ ကွက်လပ်’ ကို ပြောနေကြပုံရတယ်။
• ‘အကျယ်အဝန်း’ ကို ပြောနေတဲ့သဘော။ အကျယ်အဝန်းတခုမှာ ‘အလျား’ နဲ့ ‘အနံ’ သာရှိတယ်။
• ကျွန်တော်က ‘ထု’ ပါတာကို ကြိုက်တယ်။‘အလျား’၊ ‘အနံ’ နဲ့ ‘အမြင့်’ ပါရှိရမယ်။
• “ပြားနေရလို့ ကားထွက်တာနဲ့ မရောင့်ရဲသင့်ဘူး။ အထက်ကိုလဲ မြင့်ထက်နိုင်ရမယ်”။
• အဲတာဟာ Mass ထု၊ တနည်းဆိုရင် ‘လူထု’ ဆိုတာလဲ Mass ဘဲမဟုတ်ပါလား။

0 ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
ည ဝဝ နာရီ၊ ၄၃ မိနစ်။