Friday, May 23, 2014

Mottoes အတိုအထွာများ

• ဇရာသဘောကိုငါသိ၊ သက်ကြားအို ကျန်းမာရေး ငါဆက်ရေးနေ၏။
• အရက်ဖြတ်ဆေးစာ အရက်သမားတွေ မဖတ်ကြမှန်းသိ၊ ငါဆက်ရေးနေ၏။
• အာဏာရှင်တွေ နားခါးမှန်းငါသိ၊ ဒီမိုကရေစီစကား ငါဆက်ပြောကြားနေ၏။
• တရားသေသမား တရားသွားမဟောနဲ့ဆိုတာငါသိ၊ တရားမျှတရေးကဗျာ ငါဆက်ရေးနေ၏။

အကြောင်းတရား နှစ်ပါးရှိပါ၏။
• ပြည့်နေတဲ့ ပန်းကန်ထဲ ထပ်ထည့်လို့မရတာငါသိ။ မပြည့်သေးဘဲ လက်နဲ့ဖုံးတားတတ်ကြတာလဲ ငါမြင်နေရ၏။
• ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာတွန်းပြက္ခဒိန်ပါ ‘တီရှပ် တထည်ဖြစ်ဖို့အရေး ရေ ၂၇ဝဝ လီတာသုံးရ၏’ လို့ ဆရာအောင်ဌေးမင်းနဲ့ အော်ပီကျယ်တို့ရေးတာ ငါဖတ်ရမိ။ ။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၄
နံနက် ၇ နာရီ၊ ၃၈ မိနစ်။