Friday, May 23, 2014

Irony အမြင်မတော် ဆင်တော်နဲ့ခလောက်

• မြေရှင်ကြီးစနစ်ဇာတ်သိမ်းခဲ့သူတွေက မြေယာတွေသိမ်းယူကြတယ်။
• ဝိသမလောဘ အပြစ်ချခဲ့သူတွေကနေ ကုမ္ပဏီတွေထောင်ပြီးသကာလ စီးပွါးရေးတွေလုပ်ကြတယ်။
• အညမည ဝေါဟာရအသုံးချသူတွေက လူတွေကို အညတရထင်ကြတယ်။

• ဖွဲ့စည်းပုံ နှစ်ခုကို ဖျက်ပြစ်သူတွေကနေ ဖွဲ့စည်းပုံအသစ်ရေးတယ်။
• အာဏာသိမ်းသူတွေကနေ ဒီမိုကရေစီယိမ်းကနေကြတယ်။
• အာဏာထပ်မသိမ်းချင်လို့ စာအုပ်စိမ်းရေးတယ်။

• ပြင်မရအောင်လုပ်တာကိုမှ လူတွေကလဲ ပြင်ချင်နေကြတယ်။
• ရရင်ရ မရရင်ချပြောလိုက်ရင် ဖက်ဆစ်လို့စွပ်စွဲသလား ထင်မှတ်မှားကြမယ်။
• သာသာခြားဝန်ကြီးတပါးက လျှောက်ထားတယ်၊ ‘အရှင်ဘုရားတို့ ပျံတော်မူပါဘုရား၊ ပျံတော်မူပါဘုရား။’
• အချမခံချင်ရင်တော့ ကြွကြပါ၊ ကြွကြပါကုန်လော့။ ။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၄
နံနက် ၁ နာရီ၊ ၁ မိနစ်။