Saturday, May 10, 2014

History tells us ပုဂံရာဇဝင်

ကိုးကွယ်ရာကူးပြောင်းခွင့်နဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိရေးဆိုင်ရာ ဥပဒေမူကြမ်းတွေအပေါ်အမြင်

• တချို့အရာတွေကို ဥပဒေနဲ့ တားဆီးနိုင်တယ်။ တချို့ကြမရပါ။
• ‘ဥပဒေအထက်မှာ ဘယ်သူရှိသလဲ’ ဆိုတဲ့မေးခွန်း မရှင်းသေးပါ။
• ဒီဥပဒေကို ချိုးဖေါက်ရင် ပြစ်ဒဏ် ဘယ်လောက်ချမလဲ မသိပါ။ လူသတ်မှုကျူးလွန်ရင် ကြိုးမိန့်အထိချနိုင်တယ်။ ဒါပေမဲ့ လူသတ်မှု နည်းမသွားပါ။ ကုန်မသွားပါ။
• ဥပဒေလုပ်ထားပြီးပြီဆိုပြီး ကျန်တဲ့လုပ်သင့်တာတွေမလုပ်ဘဲ ရှိတတ်တယ်။
• ဗုဒ္ဓဘာသာဖြစ်ကြောင်း ဘယ်မှာ တရားဝင်တယ်လို့လုပ်ကြရသလဲ။ မြန်မာပြည်မှာ မိရိုးဖလာက များတယ်။ စာရွက်ပေါ်ရေးထားရင်ရပြီဆိုရင် အကြံအဖန်တွေဖြစ်လာနိုင်တယ်။
• လက်ထပ်ချင်လို့ ဒီဘာသာဖြစ်တယ်လို့ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ကော ရသွားပြီလား။
• ကိုယ့်ဘာသာကို အလေးအနက် မထားသူတွေဆိုတာ ဘာသာတိုင်းမှာ အရေအတွက် အတော်ကိုများတယ်။
• ဘာသာဝင်အရေအတွက်များဘို့ လုပ်ကြတာမှာ ဘာသာကြီးတွေက နည်းလမ်းတွေ မတူကြပါ။
• ကနေ့ခေတ်မှာတော့ -
- ခရစ်ယမ်က ဆွဲဆောင်စည်းရုံးတာ များတယ်။
- ဗုဒ္ဓဘာသာက တရားဟောတာ၊ တရားပြတာက များတယ်။
- အစ္စလမ်က နည်းမျိုးစုံတယ်။ တချို့နေရာတွေမှာ အစွန်းရောက်နည်းတွေသုံးတယ်။ ဗုံးခွဲတယ်၊ စစ်တိုက်တယ်၊ သူပုန်ထတယ်။ ပိုလီယို ကာကွယ်ဆေးထိုးသူကို သေနတ်နဲ့ပစ်တယ်။ အခုဆို ကျောင်းသူတွေ ပြန်ပေးဆွဲတယ်။ သူတို့နည်းက ပိုထိရောက်သလား စောင့်ကြည့်ရမလို။
• ဘုရင်တွေကနေ အာဏာစက်နဲ့လုပ်ခဲ့လို့ ကနေ့အခြေအနေဖြစ်နေတာပါ။
- ‘အာသောက’ နဲ့ ‘အနော်ရထာ’ လို ဘုန်းတန်ခိုးအာဏာကြီးမားတဲ့ မင်းဧကရာဇ် ပေါ်ထွန်းလာရင်တော့ တမျိုးဖြစ်နိုင်တယ်။
- တရုပ်ပြေးမင်း ‘နရသီဟပတေ့’ လောက်နဲ့ မရနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၅-၂ဝ၁၄