Friday, May 23, 2014

Distraction ကမ္ဘာ့ဖလား ကြည့်မလား

• ခုတလော အသံတွေကြားနေရတယ်။ အရင်က လူကြားအောင် စကားကြီးစကားကျယ် မပြောဘူးသူတွေကနေ အထူးအဆန်းတာတွေ သွေးရူးသွေးတန်းပြောလာကြတယ်။
• မီဒီယာကလဲ တော်ပ။ စာလုံးမဲခေါင်းစဉ်ကြီးတွေနဲ့ အသားပေး အားပေးကြတယ်။
• သမတ ကစတယ်၊ ဒုသမတတွေကလဲ လိုက်လာတယ်။ ဝန်ကြီးတွေပါတယ်။ ဒုဝန်ကြီးဆိုတာတော့ ပြောမနေနဲ့ ဂျမ်းဘုံတို့ဝိုင်း နေ့တိုင်း ဆူပါစတားဘဲ။
• သူတို့စကားတွေ လိုက်ရေးနေဘို့တောင် လက်ကမပါချင်ဘူး ဖြစ်နေလို့ သီးခံပေးကြပါ။ ဖေ့စ်ဘွတ်မှာလဲ့ဲ့ နေကြတာဘဲ။
• အမြီးအမောက်မတည့်၊ ကျိုးကြောင်းမဆီလျှော်၊ ထော်လော်ကန့်လန့်၊ ကြားတဲ့သူတတိုင်းက ကလော်ချင်ကြတာ မဆန်းပါ။
• ကျွန်တော်တို့တတွေ ကလော်နေတာနဲ့ အချိန်ကုန်နေကြချိန်မှာ မတော်တရော်တွေ ကြံဖန်နေမလား၊ သတိသာ ထားကြပေတော့ဗျာ။
• အာရုံပြောင်းပေးနည်း Distraction ဆိုတာ Magic မျက်လှည့်မှာသာ မဟုတ်ပါ။
• Medicine ဆေးကုရာမှာလဲ လူနာကို အနာစေအောင် လှည့်စားရပါတယ်။
• Media manipulation မီဒီယာမှာ လူတွေကို အယူအဆတခုခုအပေါ်မှာ စူးစိုက်စေပြီး၊ အုပ်စိုးသူတွေက သူတို့ ဖြစ်စေချင်တဲ့ပေါ်လစီကို ထောက်ခံမှုရလာအောင်လုပ်တယ်။
• Crime ရာဇဝတ်မှုတွေမှာ သူတို့ကျူးလွန်မဲ့ပြစ်မှတ်ကနေ သူများတွေကို တခြားဖက်ဆီ စူးစိုက်စေတယ်။
• Military warfare ‘ဝါးဖဲယား’ စစ်ပရိယာယ်တခုက ပြစ်မှတ်တလွဲဆီကို ရန်သူ အာရုံရောက်စေတယ်။
• ၂၁-၅-၂ဝ၁၄ နေ့ကထွက်လာတဲ့ စိတ်ဝင်စားစရာ အားကစားသတင်းတပုဒ်ရှိတယ်။ ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပမဲ့ ဘရာဇီးနိုင်ငံကို အင်္ဂလန်အသင်းနဲ့အတူ ခေါ်လာမယ်ဆိုတဲ့ WAGs တွေကို တားမြစ်လိုက်ပါတယ်။ WAGs ဆိုတာ Wives and Girlfriends ဘောလုံးသမားတွေရဲ့ မိန်းမနဲ့ရည်းစားတွေကို ခေါ်တာပါ။ ပွဲကြည့်ပရိတ်သတ်က သူတို့လို အချောအလှ ‘ဆယ်လီဘရစ်တီ’ တွေဆီ အာရုံရောက်နေကြမှာ စိုးလို့ပါတဲ့။

Top 10 WAGs
1. အီမယ်လီ အိုဟားရား = တွမ် ကလယ်ဗာလီ (မန်ချက်စတာ ယူနိုင်တက်)
2. ဗနီဆာ ပါရွန်ဆဲလ် = ဝိန်း ဘရစ်ခ်ျ (ဘရိုက်တွန် + ဟို့ဖ်)
3. ကေလာ ကောလင်း = အက်ရှ်လေ ကိုးလ် (ချယ်လ်ဆီး)
4. အဲလက်စ် ကာလင် = စတီဖင် ဂျာရတ် (လီဗာပူးလ်)
5. အက်ဘေ ကလန်စီ = ပီတာ ခရောက် (စထုပ် စီတီး)
6. ကာလီ ဇူကာ = ဂျိုး ကိုးလ် (လီဗာပူးလ်)
7. အလက်ဇန်ဒရာ ဗျုခ် = ဒီဖိုး (တော်တင်ဟန် ဟော့စပါး)
8. ကိုလင်း ရူနီ = ဝိန်း ရူနီ (မန်ချက်စတာ ယူနိုက်တက်)
9. မယ်လ်ယ်နီ ဆလိတ် = သီယို ဝေါလ်ကော့ (အာဆင်နယ်)
10. ဗစ်တိုရီယာ ဘက်ကမ် = ဒေးဗစ် ဘက်ကမ် (အယ်လ်အေ ဂယ်လက်ဆီ)

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၄
ည ဝဝ နာရီ၊ ၂၄ မိနစ်။