Friday, May 23, 2014

CIA and vaccine programs (စီအိုင်အေ) ရဲ့ ကာကွယ်ဆေး အော်ပရေးရှင်း

• အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) ကနေ သူလျှိုလုပ်ငန်းမှာ သုံးနေတဲ့ ကာကွယ်ဆေး လုပ်ငန်းကို သြဂုတ်လကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။
• CIA ကနေ ကာကွယ်ဆေး လုပ်ငန်းကို Osama Bin Laden (အိုစမာဘင် လာဒင်) ကို ဖမ်းဆီးနိုင်ရေးအတွက် သုံးနေခဲ့တာပါ။
• ဒါကြောင့်လဲ ၂ဝ၁၁ မေလလဲမှာ ပါကစ္စတန်နိုင်ငံ Abbottabad (အဘော့တာဗဒ်) မြို့ထဲအထိ ဝင်ရောက် စီးနင်းဝင်ရောက်ပြီး သုတ်သင်နိုင်တာဖြစ်တယ်။
• ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်သမားတွေကနေ ပိုလီယိုကာကွယ်ဆေးထိုးသူတွေကို သတ်ပြစ်နေရာက (စီအိုင်အေ) က အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကြောင့် စစ်သွေးကြွအုပ်စုလဲ ပိုပြီး နာမည် ပျက်စေနိုင်ခဲ့တယ်။
• (တာလီဘန်) အဖွဲ့ကနေ ပိုလီယိုကာကွယ်ဆေး တိုက်ပေးနေတာကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တားမြစ်ထားပါတယ်။
• ပြီးခဲ့တဲ့ ဇန္နဝါရီကနေတွက်ရင် ပါကစ္စတန်မှာ ပိုလီယိုရောဂါဖြစ်နေသူပေါင်း ၆၆ ယောက်ရှိပြီး၊ ကာကွယ်ဆေးထိုး လုပ်ငန်းက လူပေါင်း ၆ဝ ကျော်လဲ ၂ဝ၁၂ ဒီဇင်္ဘာကနေ ၂ဝ၁၄ ဧပြီလအတွင်းမှာ အသတ်ခံခဲ့ရပြီး ဖြစ်တယ်။
• ကာကွယ်ဆေးလုပ်ငန်းက ပါကစ္စတန်ဆရာဝန် Dr Shakil Afridi ဒေါက်တာ (ရှာကဲလ် အဖီဒီ) လဲ ထောင်ထဲမှာပါ။
• အိမ်ဖြူတော် သမတရဲ့ ပြည်တွင်း (ဟုမ်းလင်း) လုံခြုံရေးနဲ့ အကြမ်းဖက်မှုတန်ပြန်ရေး လက်ထောက် အမျိုးသမီး (လီဆာ မိုနာကို) ကနေ စီအိုင်အေ အကြီးအကဲ (ဂျွန် ဘရီနန်) ဆီ ဒီကာကွယ်ဆေးထိုးလုပ်ငန်းမှာ သူလျှိုလုပ်နေတာကို ရပ်ဘို့ စာပို့ခဲ့တယ်။ ဒီကနေရထားတဲ့ DNA နမူနာတွေကိုလဲ အသုံးပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
• အမှန်က အသဲရောင် (ဘီ) ကာကွယ်ဆေးထိုးလုပ်ဘို့ တအိမ်တက်ဆင်းသွားစေခဲ့ပြီး မျိုးဗီဇ နမူနာတွေ စုဆောင်းနိုင်ခဲ့လို့လဲ ဘင်လာဒင်ကို ခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၄
နံနက် ၁ နာရီ၊ ၁ မိနစ်။