Friday, May 23, 2014

Chindwin solemn ချင်းတွင်းသစ္စာတည်စေသောဝ်

“ချင်းတွင်းမြစ်တောင် ခြေလျင်ဖြတ်လျောက်လို့ရနေပြီ”
သတင်းစာထဲပါလို့ပါ။ ရေအနက် ၂ ပေခွဲတဲ့။ နောင်လာ နောက်သားတွေအတွက် စိတ်မကောင်းစရာ၊
ဝိုင်းဝန်းကြဖို့ လိုနေပြီ။ (Aung Kyaw Than GoldSmith)

• ဧရာဝတီမှ မဟုတ်ပါ၊
• ချင်းတွင်းမြစ်ဟာလဲ န နေပြီတဲ့၊
• ခပ်သဲ့သဲ့အသိပေး နှိုးဆောင်ရေးလုပ်ပါဆရာ တဲ့။

• အဆင်းရဲဆုံးတိုင်းပြည်မှာ ကောင်းတာမရှိ၊
• ဘယ်ဟာကြည့်ကြည့် မချိတင်ကဲ၊
• ကျွန်တော်လဲ မချိသွားဖြဲပါဘဲဗျာ။

• မြစ်ပြောပြော တောပြောပြော တောင်ပြောပြော၊
• လူတွေကိုဘဲ ပြောရမှာပါ၊
• ဂေဟဆိုတာမသိ ပတ်ဝန်းကျင်အသိကမရှိ။

• မရှိတာထက် မသိတာခက်တော့ မဟုတ်ပါ၊
• ရှိတာမှန်သမျှ သူ့မြစ် သူ့တော သူ့တောင်လုပ်၊
• တရုပ်-ကုလား-ယိုးဒယား ပေါင်နှံထား၊
• သူတို့အတွက်လဲ သိမ်းထား၊ ယူထား၊
• မဟားဒယား ရေမြေ့အရှင်မင်းတရား။

• ရင်းစားရအောင် ပေါင်နှံတာပြန်ရွေး၊
• မတရားယူထားတာ ပြန်ပေး၊
• ဒါနဲ့လဲမပြီးသေး၊
• ပညာပေးရေးနဲ့ မင်းတရားစနစ်ဖျက်ရေး ၊
• အရေးနှစ်ပါး တပြိုင်နက်သွားပါမှ၊
• ချင်းတွင်းသား ချင်းတွင်းငါး စားရမှာ၊
• ချင်းတွင်းသစ္စာရေသောက် တယောက်မှမကျန်စေနဲ့။

ဒေါက်တာတင့်ဆွေ