Friday, May 23, 2014

လူထုကြီးကြွချီလာပါပြီ

မေ (၁၆)၊ ချင်းတွင်း အနောက်က ပုလဲမှာ၊ ရွာအစုံက လူကုန်သလောက်၊ ကျွန်တော့်အိမ်ကလေးရှေ့လဲရောက်၊
နောက်နေ့တဖန် ဗိုလ်စိန်မှန် ကွင်းလျှံ၊ မာန်ပြည့်၊ မေ့မရ။
မေ (၁၈) ရက်နေ့မယ် အောင်ပင်လယ်၊ အနီရောင်လူပင်လယ်၊ နယ်အစုံက၊ လူမျိုးစုံ၊ နေပြည်တော်တုန်စေခဲ့ပြီ။
တင်းနစ်ဘောလုံးသည် တဖက်ကွင်းရောက်နေပြီ။ လက်မှန်နဲ့ရိုက်မလား၊ လက်ပြန်နဲ့ရိုက်မလား၊ ရှေ့တို့မလား၊ နောက်ပို့မလား၊ စိတ်တိုနဲ့ ဘယ်ကိုရောက်ရောက် ရိုက်မလား။
ဒိုင်လူကြီးခင်ဗျား၊

• ဖဆပလ ခေတ်အခါက နိုင်ငံတော်သမ္မတကြီးတပါး ဧရာဝတီတိုင်းကို သင်္ဘောနဲ့ လှည့်လည်သွားခဲ့ပါတယ်။
• သမ္မတကြီးမကြွလာခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ရွာဆော်လုပ်ရမဲ့သူကလဲ သူရွတ်ရမဲ့စာသား ရက်သတ္တတပါတ်ကြာ အလွတ်ကျက်မှတ်ထားပါသတဲ့။
• သဘောင်္ကြီးကဆိုက်၊ ကော်ဇောခင်း ကုန်းဘောင်ထိုး၊ သမတကြီးလဲ တောင်ရှည်ပုဆိုးနဲ့ ဆင်းတော့ဟန်အပြင်၊ အမှန်ပင်အချိန်ကိုက် အသံချဲ့စက်ကနေ အော်လိုက်ပါတယ်။
• စည်တော်ကြီးလဲ ရွမ်းပါပြီ။ အားလုံး အံကျ၊ ဂွင်ကျ။ ခက်တာက့
• “သမတကြီးခင်ဗျား၊ လူထုကြီးကြွချီလာပါပြီ” လို့ ပြောင်းပြန်အော်တော့ သမတကြီးခမျာ ကုန်းဘောင်ပေါ် တက်မရပါ။
• အနားက မနေသာသူက အမှန်ကို ပြန်အော်ပေးလိုက်ပါမှ စည်တော်တခါထပ်ရွမ်း၊ သမတကြီး ကမ်းပေါ် တက်ရပါတော့တယ်။

ဒေါက်တာတင့်ဆွေ