Friday, May 9, 2014

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လျှောချသွားပြီ

• မဲဆန္ဒနယ်မြေတခုမှာ အရွေးခံမဲ့ကိုယ်စားလှယ်သာ မဲစည်းရုံးမဲဆွယ်ခွင့်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကနေ ၇-၄-၂ဝ၁၄ နေ့ ပုသိမ်မှာပြောခဲ့တယ်ဆိုပြီး၊ ဂျာနယ်တခုမှာ ပါရှိခဲ့တယ်။
• ဒီကိစ္စကို NLD ကနေ တရားဝင်မေးမြန်းတဲ့အခါ ကိုယ်စားလှယ်လောင်းသာမက၊ သူ့ ကိုယ်စားလှယ်ရော၊ သူ့နိုင်ငံရေးပါတီပါ မဲစည်းရုံးဟောပြခွင့်ရှိတယ်လို့ ဥက္ကဋ္ဌကနေ ကနေ့စာပြန်ပါတယ်။
• ဒါပေမဲ့ သူ့စာထဲမှာ ပုဒ်မ (၁ဝ) ကိုရည်ညွှန်းပေမဲ့ (က)၊ (ခ)၊ (ဃ) ဆိုတာတွေ ရွေးကောက်ပွဲဥပဒေမှာ မပါရှိဘူးလို့ NLD ဦးဥာဏ်ဝင်းက RFA ကို ပြောကြားလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၄