Friday, May 23, 2014

Banaras မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ

• မေ (၁၆)၊ ချင်းတွင်း အနောက်က ပုလဲမှာ၊ ရွာအစုံက လူကုန်သလောက်၊ ကျွန်တော့် အိမ်ကလေးရှေ့လဲရောက်၊
• နောက်နေ့တဖန် ဗိုလ်စိန်မှန် ကွင်းလျှံ၊ မာန်ပြည့်၊ မေ့မရ။
• မေ (၁၈) ရက်နေ့မယ် အောင်ပင်လယ်၊ အနီရောင်လူပင်လယ်၊ နယ်အစုံက၊ လူမျိုးစုံ၊ နေပြည်တော် တုန်စေခဲ့သည်။

• ‘တင်းနစ်’ ဘောလုံးသည် တဖက်ကွင်းရောက်နေပြီ။
• လက်မှန်နဲ့ရိုက်မလား၊ လက်ပြန်နဲ့ရိုက်မလား၊ ရှေ့တို့မလား၊ နောက်ပို့မလား၊ စိတ်တိုတိုနဲ့ ဘယ်ကိုရောက်ရောက် ရိုက်မလား။
• ဒိုင်လူကြီးခင်ဗျား၊ ကစားနည်းဥပဒေကို သားရေလိုမလုပ်ပါနဲ့၊ ဒီဥပဒေပြင်တာ လွယ်လှပြီး၊ ဟိုဥပဒေပြင်တာကြ ဘာလို့ ခက်နေရပါလဲဗျ။

• အိန္ဒိယ ဝန်ကြီးဖြစ်လာတော့မဲ့ ‘နာရင်ဒါ မိုဒီ’ ဟာ ရွေးကောက်ပွဲ ‘ကင့်ပိန်း’ ကာလမှာ ကီလိုမီတာ ၃ သိန်းကျော် ခရီးသွားခဲ့ပြီး၊ အစည်းအဝေးပေါင်း ၅,၈၂၇ ခုမှာ မိန့်ခွန်းပြောခဲ့တယ်။ 3 D rallies ခေါ်တဲ့ သုံးဘက်မြင် လူထုစည်းဝေးပွဲတွေလဲ ပါတယ်။ ပြည်နယ်ပေါင်း ၂၅ ခုကို လှည့်သွားတာပါ။ သူ့မဲဆန္ဒနယ်မြေက ‘ဗာရာဏသီ’ တခုထဲသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
နေ့ ၃ နာရီ၊ ၅၅ မိနစ်။