Saturday, April 26, 2014

So-called politics နိုင်ငံရေးတော့ နိုင်ငံရေးဘဲ

• ‘စက်ဝိုင်းထဲက ထွက်ကြည့်ကြပါ’ လို့ ပြောတာရှိတယ်။
• အပြင်ထွက်ရမှ ကိုယ့်တိုင်းပြည်ဟာ ဆီးရွက်လောက်သာရှိတာ သိသာတယ်။
• အပြင်မှာကြာကြာနေလေ ကိုယ့်တိုင်းပြည်ဟာ ခြူခြာလေလေဆိုတာ သိလာရတယ်။
• အဝေးနေရတော့ ‘ဆွေးစရာတွေ’ ရော၊ ‘ဆွေးနေတာတွေ’ ပါ ပိုမြင်လာစေတယ်။
• ဒါပေမဲ့ အပြင်ကအမြင်ဟာ တခါခါမှာ ပကတိဖြစ်စဉ်နဲ့ တက်တက်စဉ်လွဲတတ်တယ်။
• အဝေးကအမြင်ဟာ တခါတခါမှာ အရှိဖြစ်စဉ်နဲ့ အံဝင်ဂွင်ကျမဖြစ်တတ်ဘူး။

• ရေဒီယိုသတင်းသာ နားထောင်ရတဲ့ကာလရှည်ထဲမှာ လူတွေဘာဖြစ်နေကြတယ်ဆိုတာ မပြည့်စုံခဲ့ပါ။
• ‘စီတီဇင် ဂျာနယ်လစ်ဇင်’ ပေါ်လာတော့ ပိုသိလာရလို့ ကျေးဇူးတင်ရတယ်။
• သတင်းဌာနတွေ မှိုလိုပေါက်လာတော့ တဝကြီးဖတ်နိုင်လာတယ်။ ‘မှိုတိုင်းကတော့ မစားကောင်းပါ’။
• ‘ဆိုရှယ်ကွန်ယက်တွေ’ ပေါ်လာတာ ပေါခြင်းသောခြင်းဖြစ်လာတယ်။ ‘မြင်မြင်သမျှ အသုံးကျတာတော့ မဟုတ်ပါ’။

• မတူတာတွေရောနေကြတာဟာ လူ့အသိုင်းအဝိုင်းဖြစ်တယ်။ တိုင်းပြည်တခုဖြစ်တယ်။
• ကိုယ်လိုချင်တာ ဆန်ကာစစ်ယူရတာလဲ သဘာဝဘဲ။ ဆန်ကာဆိုတာလဲ အစိတ်-အကျဲ အမျိုးမျိုးရှိတယ်။ လိုချင်တာလေးသာ ကဲ့ယူတာ၊ အပေါ်ယံလေးသာ ကုပ်ယူတာ မတူကြပါ။ ဘယ်သူမဆို ယူတာသာ ရကြ၏။
• မတူလို့ မငြူစူဘဲ၊ ကိုယ်နဲ့တူအောင် ကြိုးပမ်းရတာဟာ နိုင်ငံရေးလုပ်တာဖြစ်ပါတယ်။
• အဲ့ လူ့အသိုင်းအဝိုင်းနဲ့ တိုင်းပြည်ကို ဒုက္ခပေးနေတာကို ဖယ်ရှင်းထုတ်ပစ်ရေး လုပ်တာကမှ ‘အကျိုးပြုနိုင်ငံရေး’ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၄