Friday, April 4, 2014

Right remedy အနာနဲ့ဆေး တည့်အောင်ပေး

သတင်း = မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ဘာသာကြီးလေးခု ခေါင်းဆောင်များ ဆောင်ရွက်မည်

• ကောင်းတာတော့ ကောင်းပါတယ်။
• အရင်က ကျွန်တော်တို့နိုင်ငံမှာ ဘာသာကြီး ၄ မျိုးမက၊ တခြားဘာသာတွေရောပါ၊ အတူတူ အေးအေးလူလူ နေခဲ့ကြတာပါ။
• ၂ဝ၁ဝ နောက်မှာဖြစ်လာတာတွေက အတူတူမနေနိုင်ကြလို့၊ နားမလည်ကြလို့ မဟုတ်ပါ။
• အခုအစီအစဉ်သစ်ကနေ နောက်မျိုးဆက်တွေမှာ တမျိုးတမည်ဖြစ်လာမှာတော့ စိုးရိမ်မိပါတယ်။
• နိုင်ငံတကာ (ပြင်ပ) ကနေ ဝင်လာတာမှန်သမျှ အများကြီး သတိထားကြရပါမယ်။
• စိုသောလက်တွေ ခြောက်မှာကို မလိုလားပါ။
• အပေါ်ယံ ပြုံးရယ်ပြနေကြရတော့မဲ့ဘဝမျိုး မရောက်သင့်ကြပါ။
• ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ရေရောခံရလေမလားလဲ အများကြီး စိုးရိမ်ပါတယ်။
• တနေ့ကရေးလိုက်သေးတယ်။ သက်တန့်ရောင် ခုနစ်မျိုးကို သမမျှတအောင် ရောထားပြီး၊ စနစ်တကျ လည်ပတ်ပေးရင် အဖြူရောင်သာဖြစ်တယ်။ ပင်မအရောင်ရဲ့ အထက်က (အပြင်ဘက်) အာလ်ထွာရောင်ဟာ အန္တရာယ်ဖြစ်စေပါတယ်။
• အခုလိုကာလမျိုးမှာ ကျွန်တော်တို့လူမျိုးတွေရော တိုင်ပြည်ပါ ခုခံအား မကောင်းကြသေးပါ။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၄