Sunday, April 6, 2014

မောင်းညိုချိန်ကျပြီ

• ကျွန်တော်က တောင်သူလယ်သမားသားဖြစ်ပေမဲ့ တောင်သူလုပ်ငန်းဆိုလို့ ထွန်းတုံးပေါ် တက်လိုက်ဘူးတာနဲ့ ဆီဆုံပေါ် တက်စီးဘူးတာကလွဲရင် မသိပါ။
• ဖေါင်ကြီးသင်တန်း၊ ဇေယျ (၁၉) တက်ရတုံးက၊ စိုက်ပျိုးရေးဘာသာရပ် လက်တွေ့မှာ စပါးရိတ်ခဲ့ရဘူးတယ်။
• စပါးရိတ်ချိန်ကျတာကို ‘မောင်းညိုချိန်ကျပြီ’ လို့ခေါ်သတဲ့။ စပါးနှံတွေက လေးလံလာပြီး၊ အနှံတွေက အောက်ကို ငိုက်ကျလာချိန် ဖြစ်ပါတယ်။
• ပြည်ခိုင်ဖြိုး အမတ်မင်းရဲ့ ခေါင်းပေါင်းစဟာ ညာဘက်မှာ ထောင်ထားပြီး၊ အပေါ်ဖျားက အောက်ငိုက်ကျနေတာ တွေ့ရတော့ ‘အင့်း့ ရိတ်သိမ်းချိန်ကျပြီ’ လို့ ယူဆလိုက်ပါတယ်။
• တံစဉ်တွေ ပြင်ကြတော့။
• မြွေပွေးလဲ သတိထားကြလော့။
• ‘စပါးနှံ’ ကို တခါရိတ်ဖူးတာမို့ အားရှိတာပေါ့။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၄