Tuesday, March 25, 2014

Resistance Day တပေါင်းသက်သေ တည်စေသော်ဝ်

• မိန်ရာသီ တပေါင်းလ၊
• လေးဆယ့်ခုနစ်တုံးက သည်အချိန်မှာ၊
• ဗိုလ်ချုပ်ဟာ မြင်းစီးပြီး၊ တပ်မတော်ကြီးကို စစ်ဆေး၊
• ‘ဖက်ဆစ်တော်လှန်ရေး’ စခဲ့တယ်။
class="fullpost">
• ဖက်ဆစ်တော်လှန်ရေး သွေးနဲ့စတေး၊
• လွတ်လပ်ရေးရ၊ ဗိုလ်ချုပ်မြင်မသွားရ၊
• နှစ်ဆယ့်ခုနစ် မတ်လ၊ ဖက်ဆစ်တော်လှန်ရေးနေ့လို့ခေါ်ခဲ့ကြ။

• မိန်ရာသီ တပေါင်းလ၊
• သည်အချိန်ကျတိုင်းမှာ၊
• တပ်ချုပ်တွေဟာ ‘မာစီဒီး’ စီးပြီး၊ တပ်မတော်ကြီးကို စစ်ဆေး၊
• မိန့်ခွန်းတွေ ပေးနေခဲ့တယ်။

• အနှစ်ငါးဆယ်ကြာ ကံဇာတာဆုတ်ယုတ်၊
• ‘တပ်ချုပ်’ စိတ်မာန်တွေလောင်း၊
• ‘တော်လှန်ရေးနေ့’ ကို ‘တပ်မတော်နေ့’ လို့ပြောင်း၊
• ‘တပ်သည်သာအမိ၊ တပ်သည်သာအဖ’ လို့ပြောင်း၊
• တိုင်းပြည်စီးပွါးရေး ဟောင်းလောင်း၊
• တပ်မတော်ဂုဏ်သရေ ဟောင်းလောင်း။

• မိန်ရာသီတပေါင်းလ၊ ခုချိန်ကစပြီး၊
• တပ်မတော်ကြီးကို မြင်းစီးပြီးစစ်ဆေးတဲ့တပ်ချုပ်မျိုးသာရှိစေချင်၊
• တိုင်းပြည်ကြီးကို လူတွေနဲ့မောင်းပြီး၊ ကောင်းစေချင်တဲ့ တပ်ချုပ်မျိုးသာ ရှိစေချင်။

• အဲသည်အခါ နေ့နာမည်အပြောင်းကို၊
• ကောင်းချီးသြဘာ ထောပနာပြု၊
• လူထုသရုပ်သကန်၊ လက်ပန်ပွင့်လို ရဲရင့်နီမြန်း၊
• အောင်ပန်းနဲ့ တပ်မတော်လို့၊
• မခိုင်းဘဲခေါ်မယ်၊ ခိုင်းလဲအော်မယ်၊
• လွှတ်တော်မှာ ဥပဒေပြုစရာမလိုပါ။ ။

(၁၉၄၇ မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄