Saturday, March 29, 2014

Rainbow country သက်တန့်ရောင် မြန်မာနိုင်ငံ

• သက်တန့်ရောင်ထဲမှာ အရောင် ၇ မျိုး (ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ်မော်၊ အနီ) ပါတယ်ဆိုတာ အထွေထွေသိပ္ပံ စသင်ကတည်းက ကျောင်းသားတွေ မှတ်သားရတယ်။
• သတင်းတွေကို စိတ်ဝင်စားသူတိုင်း (အာလ်ထွာ ဝိုင်အိုလက်) ‘ခရမ်းလွန်ရောင်ခြည်’ ဆိုတာ သိလာကြပြီ။
• ဆေးပညာသင်ရရင် (အင်ဖရာ ရဒ်) ‘အနီအောက်ရောင်ခြည်’ ဆိုတာ သင်ရမယ်။
• ပင်မအရောင် ၇ ရောင်ရဲ့ အပြင်က ခရမ်းလွန်ရောင်ခြည်ဟာ လူကို အန္တရာယ်ပေးတယ်။
• အနီအောက်ရောင်ခြည်ကို လူတွေက အကျိုးရှိအောင်အသုံးပြုနိုင်ကြတယ်။
• စက်ဝိုင်းလေးတခုမှာ အရောင် ခုနစ်မျိုးကို အညီအမျှ ချယ်သပြီး၊ လည်အောင် လှည့်လိုက်ရင် အဖြူရောင် တခုထဲ ထွက်လာတယ်။
• မတူတာတွေ (လူမျိုးစုတွေ၊ ကိုးကွယ်တဲ့သာသာတွေ) စုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံဟာ ‘အလင်း’ နဲ့ တူတယ်။
• ‘အဖြူရောင်’ တခုထဲသာ ထွက်အောင် သက်တန့်ရောင်တွေကို စနစ်တကျရောစပ်ပြီး၊ မှန်မှန်ကန်ကန် လည်ပတ်နေစေရမယ်။
• ကနေ့မြန်မာပြည်မှာ အရေးကြီးတာကတော့ -
- (၁) ပင်မအရောင်တွေ သမမျှတနေအောင်လုပ်ရမယ်။
- (၂) ပြင်ပက (အာလ်ထွာ) တွေရန်ကနေ ကာကွယ်ကြရမယ်။
- (၃) အောက်ကျနေသူတွေ အသုံးကျတာကို အသိအမှတ်ပြုပြီး၊ အားပေးမြှင့်တင်ကြရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၄