Thursday, March 13, 2014

Photo in the history သမိုင်းထဲကဓါတ်ပုံ

၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်တုံးက သုံးခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ကျွန်တော့်ကို ၂၇-၁၁-၁၉၉ဝ နေ့ညမှာ လာဖမ်းတဲ့အခါ ဖမ်းမမိလို့ တရားခံပြေးအဖြစ် တခြားအမတ်သုံးဦးနဲ့တူ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ နောက်ကျောဖုံးမှာ ကြေညာတော့ ဒီပုံကိုဘဲ တကယ် လူဆိုးပုံပေါက်အောင် တမင်တကာပြုပြင်ပြီး သုံးခဲ့ပါတယ်။