Tuesday, March 25, 2014

Formula သူငယ်တန်းပုံသေနည်း

• ‘ပြောင်းစရာ၊ ပြင်စရာတွေ တလှေကြီးရှိသေးတယ်’ လို့ ဝေဖန် ထောက်ပြကြတယ်။
• ပြောင်းစရာ ပြင်စရာတွေဆိုတာ အစကတည်းက မကောင်းတာ၊ မလုပ်သင့်တာတွေဖြစ်တယ်။
• တလှေကြီးကျန်နေသေးတယ်ဆိုတာ မကောင်းတာ အများကြီး၊ မလုပ်သင့်တာတွေ တအားကြီး လုပ်ထားခဲ့လို့ပါ။

• အဲဒီ မကောင်းတာ၊ မလုပ်သင့်တာတွေကို ဘယ်သူတွေက လုပ်ခဲ့ကြပါသလဲ။
• မှားတာလုပ်ထားသူတွေကနေ ပြင်ပေးတယ်ဆိုတာ ချီးကျူးစရာ ဟုတ်ပါသလား။
• သူတို့ကပြင်မှသာ ရမှာလား။ သူတို့က ပြင်တတ်ကြလို့လား။
• အရင်ကတည်းက အမှားကိုသိလျက်နဲ့လုပ်ခဲ့ကြတာဆိုရင် အပြစ်ကနှစ်ဆကြီးတယ်။
• ပြင်ဘို့ဆိုတာ သူတို့အတွက် မခက်လှပါ။ ‘ဖမ်းတာတတ်တော့ လွှတ်တာလဲတတ်ရတယ်’။
• အဲတာက ပြင်တာမဟုတ်။ မလုပ်တော့တာသာဖြစ်တယ်။

• ဘာလို့ကြာနေပါသလဲ။ အမှားတွေလုပ်ခဲ့တာကြာလို့ အမှန်ပြင်ရတာကြာတယ်လို့ ဆင်ခြေပေးကြမယ်။
• ဖွဲ့စည်းပုံကိုရေးတာ ၁၄ နှစ်ကြာလို့ ပြင်ဘို့လဲ ၁၄-၅ နှစ်ကြာနိုင်တယ်လို့ သမတအကြံပေးကပြောတယ်။
• ‘ဆွဲကြာ ပြင်ကြာ’ လို့ သူငယ်တန်းစာပုံသေနည်း နိုင်ငံခြားသွားပြီးသင်လာခဲ့တာဖြစ်တယ်။

• နိုင်ငံရေးစနစ်ကိုပြင်နေတာကိုပါ အဲဒီပုံသေနည်းသာ အားကိုးရင်တော့ (၂ဝ၁၂ - ၁၉၆၂ = ၅ဝ) ဖြစ်တာမို့ (၂ဝ၁၂ + ၅ဝ = ၂ဝ၆၂) အထိ အချိန်ယူမဲ့သဘော ဖြစ်နေတယ်။
• ‘ပျက်အစဉ်၊ ပြင်ခဏ’ စကားပုံ ယုံစရာမရှိတော့ဘူး။
• ‘ဖျက်ငါးဆယ်၊ ပြင်ငါးဆယ်’ လို့ ထင်ရမှာလား။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄