Wednesday, March 12, 2014

၁၉၉ဝ အမှတ်တရ

သူငယ်ချင်း
• မင်းတို့မောင်နှံ နေရပ်ပြန်၊ မှန်တဲ့ကုသိုလ်ပြုကြ၊
• မိဘသင်ပေးတဲ့ အတတ်ပညာ၊ ချွေးနည်းစာနဲ့လုပ်ကြတာ ငါသိတယ်။၁၉၉ဝ အမှတ်တရ

• ကျောင်းကန်ဘုရား၊ အများကောင်းစရာ တံတားပြင်၊ စာသင်ကျောင်းကူ၊ အလှူအတန်းလုပ်၊
• မိဘလက်ငုပ်မွမ်းမံ၊ စေတနာသုံးတန် အမှန်ဆိုတာလဲ ငါသိတယ်။

• မင်းတို့ခေါ်တဲ့ အမျှဝေစကား၊ ငါမကြားပေမဲ့ နားထဲမှာလျှံ၊
• အမှန်အကန် ကြေးစည်သံပါဘဲကွာ။
သူငယ်ချင်း
• မင်းပြုတာ မင်းမဟုတ်၊ မင့်ဇနီးမဟုတ်၊
• ပြုဆဲခဏမှာ မင်းမရှိတော့၊ ပြုဆဲခဏမှာ မင့်ဇနီးမရှိတော့။
အဲလိုဘဲပေါ့
• ငါလဲဖေါင်ဖျက်၊ ကမ်းတဖက် တက်သွား၊
• အများကောင်းအောင်ကြံရွယ်၊ အနှစ်နှစ်ဆယ်ကြာတယ် သူငယ်ချင်း။
အင့်း့
• ငါပြုတာ ငါမဟုတ်၊ ပြုဆဲခဏမှာ ငါမရှိတော့၊
• ဒီလိုပေါ့
• ငါ့နိုင်ငံရေးလက်ငုပ်၊ မြုပ်သွားပြီကော သူငယ်ချင်း။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၄
(သူငယ်ချင်း ဒေါက်တာကျော်သင်းနဲ့ ဒေါ်ဌေးဌေး သို့)