Wednesday, March 5, 2014

ကုန်ကုန်ပြောရရင်

“ဆရာကော သမတ မဖြစ်ချင်ဘူးလား။”

• ကျွန်တော်က ဖြစ်မှာလဲမဟုတ်၊ ဖြစ်လဲမဖြစ်ချင်ပါ။ အစိုးရအသုံးအနှုန်းမျိုးတွေ မရတော့ဘူး။
• လွှတ်တော်ယဉ်ကျေးမှုကိုလဲ လိုက်မမီတော့လို့ အမတ်တောင် ဖြစ်လာတော့မှာ မဟုတ်ပါ။
• သံအမတ်ဆိုတာမျိုးလဲ မလုပ်ချင်ဘူးဗျ။ ပြောချင်တာ မပြောရဘူး။ မပြောချင်တာသာပြောရတယ်။
• အဲဒီ ၃ မျိုးလုံးကို အပြင်ကနေ လုပ်ခဲ့ထားတဲ့ အကျိုးကျေးဇူးတွေပေါ့ဗျာ။
• အတိုက်အခံ လုပ်နေရတာကြာတော့ ရိုင်းသွားပြီ။
• ဒါပေမဲ့ဗျာ တချို့ဝန်ကြီးတွေလိုတော့ ဆဲရေးတိုင်းထွာတာ မတတ်ဘူး။ တချို့ လွှတ်တော် ကိုယ်စားလှယ်တွေလိုလဲ သူများပါတီကို မှိုချိုး မျှစ်ချိုးပြောမထွက်ဘူး။
• မြန်မာပြည်မှာ အပြောအဟော ကောင်းတဲ့သူ၊ ယဉ်ကျေးလိမ်မာသူ၊ ဥပတိရုပ် ခန့်ညားသူ၊ ကြက်သရေရှိသူ၊ မိဘမျိုးရိုး အားကိုးထိုက်သူ၊ ပညာပြည့်ဝသူ၊ အများကြိုက်တဲ့သူ စတာတွေက ခေါင်းဆောင်ဖြစ်ဘို့လိုတဲ့ အရည်အချင်းတွေ မဟုတ်ဘူး ဖြစ်နေသေးတယ်။
• လူတစုကရွေးရင် ဘာဖြစ်နေနေ လက်မခံလို့မရတဲ့ ဖွဲ့စည်းပုံကြီး မပြင်သရွေ့တော့ ကုန်ကုန်ပြောရရင် ဆွေ့ဆွေ့သာ ခုန်နေကြရအုံးမှာပေါ့ဗျာ။

ဒေါက်တာတင့်ဆွေ
၅-၃-၂ဝ၁၄