Tuesday, February 4, 2014

Threatening Speech လွတ်လပ်စွာ ခြိမ်းခြောက်ပိုင်ခွင့်

ပြည်ထောင်စုဝန်ကြီးလုပ်နေသူကနေ လူပုံအလယ်မှာ လူတွေကို ခြိမ်းခြောက်စကားတွေ အော်ကြီးဟစ်ကျယ်ပြောခဲ့တယ်။ ဒီလို ရမ်းကားကြမ်းတမ်းပြီး စော်ကားလွန်းတဲ့စကားအတွက် အစိုးရဘက်ကနေ ခုခံကာကွယ်နေကြတယ်။ သူ့ပါတီကတော့ နုတ်ဆိပ်နေတယ်။ အရေးယူတာတော့ လုပ်မဲ့ပုံမရှိသေးဘူး။ သူ့ကိုမဲပေးခဲ့သူတွေက ဘာလို့ နားဝင်ပီယံ ဖြစ်နေကြသလဲ မသိပါ။ • “တယောက်ယောက်ကိုဖြစ်ဖြစ် လူအုပ်စုတခုကိုဖြစ်ဖြစ် အန္တရာယ်ပြုမဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့စကားလုံးတွေကို Criminal threats ရာဇဝတ်မှုမြောက်တဲ့ ခြိမ်းခြောက်စကား” လို့ ဥပဒေမှာပါတယ်။ • ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Freedom of speech လွတ်လပ်စွာပြောဆိုခွင့်ကို အာမခံထားပေမဲ့ ဒီလိုပြောတာမျိုးကိုတော့ အကာကွယ်မပေးနိုင်ပါ။ • ဆောက်တည်ရာမရဖြစ်တဲ့သူကနေ အဲလိုသူများကို ခြိမ်းခြောက်တယ်ဆိုရင် Misdemeanor or Felony level offense လို့ခေါ်ပြီး ရာဇဝတ်မှုမြောက်ပါတယ်။ ဒီလိုခြိမ်းခြောက်မှုဆိုတာ ဖုန်းကနေ ပြောတာဖြစ်ဖြစ်၊ အီလက်ထရောနစ် မီဒီယာကနေ ပြောတာဖြစ်ဖြစ် အကျုံးဝင်တယ်။ • ဒီလိုရာဇဝတ်မှုကို ချိုးဖေါက်တာမှန်ရင် ပြစ်ဒဏ်က အမျိုးမျိုးရှိတယ်။ ဆိုင်းငံ့ထောင်ဒဏ်၊ ထောင်ဒဏ်၊ တချို့နေရာတွေမှာ ထောင် ၁ဝ နှစ်အထိချခံရမယ်။ ဒဏ်ငွေလဲချခံရနိုင်တယ်။ • အမေရိကန်သမတရဲ့ ၂၉-၁-၂ဝ၁၄ နေ့က State of the Union address တိုင်းပြည်အခြေပြုမိန့်ခွန်း ပြောအပြီးမှာ (ရီပတ်ဘလီကင်) အမတ် (မိုက်ကယ် ဂရင်မ်) ဟာ သတင်းထောက်တယောက်နဲ့ ပြဿနာ တက်ခဲ့ရပါတယ်။ • NY1 သတင်းထောက် (မိုက် စကော့်တို) ကနေ ပုဂ္ဂိုလ်ရေးငွေကြေးကိစ္စမေးတဲ့အခါ စိတ်ဆိုးပြီး "I will break you in half" ငါ မင့်ကို နှစ်ပိုင်းဖြစ်သွားအောင်လုပ်လိုက်ရမလားဆိုပြီး သတင်းထောက်ကို ဘယ်လ်ကိုနီကနေ ပြစ်ချမလို ပြောလိုက်ပါတယ်။ မိုက်ကရိုဖုန်းက အသံတိုးနေလို့ ထပ်ပြောလိုက်ပါသေးသတဲ့။ “ငါ မင့်ကို လသာဆောင်ကနေ ပြစ်ချမယ်ကွ”။ • “ကျွန်တော်က တရားဝင်မေးခွန်းကို မေးတာပါဗျာ။” • “နိုး နိုး၊ မင်းက ဒီလိုအဆင့်မျိုးမရှိဘူး။ မင့်ကို ကလေးတယောက်လို ငါ နှစ်ပိုင်းပိုင်းပြစ်မယ်ကွ”။ • နောက်ရက်မှာတော့ (ဂရင်မ်) ကနေ သတင်းထောက်ဆီ ဖုန်းဆက်ပြီး၊ တောင်းပန်ရပါတယ်။ ဖုန်းဆက်ပြီးနောက်မှာလဲ စာနဲ့ရေးထားတဲ့ တောင်းပန်စာထုတ်ပါတယ်။ • ဒီဥပဒေနဲ့ ဥပမာက အမေရိကန်ပြည်ထောင်စုမှာပါ။ • အမေရိကားထက် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို သွားနေတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းထောက်တွေလဲ နှစ်ပိုင်းဖြစ်သွားနိုင်သလို သာမန်လူတွေလဲ စိစိညက်ညက် ကျေသွားမလား မသိပါ။ • ဆန္ဒပြကြသူတွေကို ချီးကျူးတယ်။ လွှတ်တော်မှာ မေးခွန်းမေးသူကို လေးစားတယ်။ ဖေါ်ပြပေးကြတဲ့ မီဒီယာတွေကို အားပေးတယ်။ • သူ့ကိုဝန်ကြီးခန့်တာက သမတဖြစ်လို့ သမတမှာတာဝန်ရှိသလို သူ့ပါတီမှာလဲ အရေးယူဘို့ တာဝန်ရှိတယ်။ ဝန်ကြီးလုပ်သူကနေ လူသိရှင်ကြား ဝန်ချတောင်းပန်သင့်တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၄ ၄-၂-၂ဝ၁၄