Sunday, February 9, 2014

ပုလဲ ကရတဲ့ ပုလဲ NLD သတင်း

၁၉၉ဝ ရွေးကောက်ပွဲစည်းရုံးရေးကာလ ဓါတ်ပုံ (၅) ပုံကို ပုလဲမြို့နယ် ကော်မတီဝင် ဦးအောင်ဖေထံကနေရပါတယ်။ ကျန်တဲ့သူတွေကတော့ အနေထားတခုအရ ဖျောက်ဖျက်ပစ်တဲ့အထဲ ပါသွားကြတယ်တဲ့။ အဲဒီပုဂ္ဂိုလ်တွေကို နားလည်ပါတယ်လို့ သတင်းစကားပါးလိုက်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်မှတ်တမ်းတွေလဲ ဘယ်ရောက်နေသလဲ မသိတော့ပါ။ လူဟောင်းတွေလို့ခေါ်ရမဲ့ ၁၉၉ဝ ကာလ NLD ရဲရဲတောက်နာမည်တချို့ကိုပြန်ရတယ်။ လုပ်ဘော်ကိုင်ဖက်အရင်းတွေပါ။ နာမည်မပါသေးသူတွေလဲရှိပါတယ်။ 1. ဦးမြင့်အောင် (မြကုန်း) လက်ရှိအလုပ်အမှုဆောင်၊ 2. ဦးအောင်ဖေ (ပုလဲ)၊ 3. ဦးခင်မောင်ဆွေ (ပုလဲ)၊ 4. ဦးထွန်းသိန်း (ပုလဲ)၊ 5. ဦးချစ်ပိုင် (ကျေးသမျှား)၊ 6. ဦးဆန်း (အလယ်ဘုံ)၊ 7. ဦးတင်သောင်း (လှော်ကား)၊ 8. ဦးမြင့်ဆွေ (လက်ပုကန်)၊ 9. ဦးသန်းဖေ (ညောင်ကုန်း) 10. ဦးရွှေမန်း (မင်းရွာ) ကျောင်းဆရာ၊ 11. ဦးဖိုးခိုင် (တနယ်)၊ 12. ဦးတင်အေး (လှော်ကား) ဦးဇင်းဝတ်၊ 13. ဦးမြထွန်း ( ပုလဲ) ဦးဇင်းဝတ်၊ 14. ဦးအေးမောင် (ပုလဲ) ကွယ်လွန်၊ 15. ဦးထွေးမောင်(လက်တောင်းကြီး) ကွယ်လွန်၊ 16. ဦးအောင်သိန်း (ပုလဲ) ကွယ်လွန်၊ 17. ဦးအောင်ရွှေ (သတင်းကံကြီး) ကွယ်လွန်၊ 18. ဦးသန်း (လက်တောင်းကြီး) ကွယ်လွန်၊ 19. ဦးစိန်မောင် (ပုလဲ) ကွယ်လွန်၊ 20. ဦးစိုးသန်း (ပုလဲ) ကွယ်လွန်၊ • ဓါတ်ပုံတပုံထဲမှာ ကျွန်တော့်ကို ပုလဲမြို့၊ မြိုင်စည်ရပ်ဟောပြောပွဲမှာ ပန်းစည်းဆက်ကြိုဆိုသူက ဦးအောင်ဖေရဲ့ ဇနီး၊ ပန်းစီးဆက်တဲ့ကလေးနာမည်တော့ မသိရပါ။ ရွာနာမည်လဲ မသိရသေးပါ။ • ရွေးကောက်ပွဲ အောင်ပွဲကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောရွာမှာလုပ်တုံးက ဓါတ်ပုံလဲပါတယ်။ • ဓါတ်ပုံထဲမှာပါတဲ့ NLD အမတ်တွေထဲက ဦးတင်ထွန်းအောင် (ယင်းမာပင် ၂) ယခု USA ရောက်နေတယ်။ ဦးသန်းစိန် (ပုလဲ ၁) ကတော့ သြစတေးလျနိုင်ငံ၊ ဒါဝင်မြို့မှာ ကွယ်လွန်သွားပြီ။ • ဓါတ်ပုံနဲ့သတင်းကိုပို့ပေးတဲ့ လက်ရှိ ပုလဲ NLD ပြန်ကြားရေးကို အထူးကျေးဇူးတင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၉-၂-၂ဝ၁၄