Tuesday, February 4, 2014

Chemical weapon news ဓါတုလက်နက်စက်ရုံသတင်း

(၁) BBC - Unity ဂျာနယ်သတင်းထောက် ထိန်းသိမ်းခံရ ၂၅-၁-၂ဝ၁၄ နေ့ထုတ် ယူနတီဂျာနယ်မှာ ပေါက်မြို့မှာရှိတဲ့ ဓါတုလက်နက်စက်ရို လို့ယူဆရတဲ့ စက်ရုံဓါတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိလို့ တပြည်လုံးကဖြန့်ချိရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီဂျာနယ် အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။ (၂) ဂါ မဏိ ကပစ-၂၅ မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်တောင်ဖက်ရှိ ပေါက်ပန့်ဆိုင်းကျေးရွာအုပ်စု၊ ငလယ်ခုံကျေးရွာအုပ်စု၊ ယန်းကြိမ်ကြီးကျေးရွာအုပ်စု၊ ငှက်ပြာကျင်းကျေးရွာ အုပ်စု၊ တောင်ငကွတ်ကျေးရွာအုပ်စုတို့ထဲက အနည်းဆုံး မြေဧက ၂၁၇၃၃ ဧက နဲ့ စေတုတ္တရာမြို့နယ် ကန်တိုင်ကျေးရွာအုပ်စုထဲက အနည်းဆုံး မြေဧက ၇၂၃၆ ဧက ကို ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်(၂၅) အတွက်သိမ်း (၃) ဒေါက်တာတင့်ဆွေ “မြန်မာပြည်ကို တရုပ်ကအပိုင်သိမ်းတော့မယ်ဆိုတဲ့ အယူအဆကနေ ၂ဝဝ၄ ကစပြီး မြန်မာပြည်မှာ ထင်မထားတာတွေ ဆက်တိုက်ဖြစ်လာခဲ့” ခေါင်းစဉ်နဲ့ (ဘာတဲလ် လင်နာ) ဟောပြောချက်ကို ကိုးကားပြီး ၂ဝ-၂-၂ဝ၁၃ နေ့က ကျွန်တော့ (ဘလော့ခ်) မှာ ရေးတင်ခဲ့ပါတယ်။ စာပိုဒ်တခုက ဒီလို ဖြစ်ပါတယ်။ • ၂-၄-၂ဝဝ၅ အောင်ပန်းမှာရိုက်ထားတဲ့ ဓါတ်ပုံ၊ • ၂၆-၁၁-၂ဝဝ၃ မြောက်ကိုရီးယားပညာရှင် (ကင်မ်) နဲ့ မြန်မာပညာရှင် ဓါတ်ပုံ၊ • မင်းလှ၊ စေတုတ္ကရာမှာ လှို့ဝှက်ကာကွယ်ရေးအစီအမံတွေလုပ်ထားတဲ့ ဓါတ်ပုံ။ • မြေအောက်လှိုင်ခေါင်းတွေထဲမှာ လူ ၁ဝဝဝ ကို ၂ လ နေနိုင်အောင်လုပ်ထားတယ်။ • မြောက်ကိုရီးယားသင်္ဘောတွေ ဆိပ်ကမ်းမှာ ၂၄ နာရီ အစစ်အဆေးမရှိ ကပ်ဘို့ ထုတ်တဲ့စာကော်ပီတွေပြ။ အပြန်မှာဆန်သယ်။ ဒါကြောင့် မြန်မာ-မြောက်ကိုရီးယား အရောင်းအဝယ်မှန်သမျှ ကမ္ဘာမှာ ဘယ်ဘဏ်ကိုစစ်စစ် စာရင်းမရှိ။” 1. “မြန်မာပြည်ကို တရုပ်က အပိုင်သိမ်းတော့မယ်” ဆိုတဲ့ အယူအဆကနေ ၂ဝဝ၄ ကစပြီး မြန်မာပြည်မှာ ထင်မထားတာတွေ ဆက်တိုက်ဖြစ်လာခဲ့ http://dts-political-page.blogspot.in/2013/02/blog-post.html 2. Myanmar 'nuclear plans' exposed http://www.aljazeera.com/news/asia-pacific/2010/06/2010642542469132.html 3. Russia and Burma in nuclear deal http://news.bbc.co.uk/2/hi/asia-pacific/6658713.stm 4. Myanmar Nuclear Weapon Program Claims Supported by Photos, Jane's Reports http://www.bloomberg.com/news/2010-07-21/myanmar-nuclear-weapon-program-claims-supported-by-photos-jane-s-reports.html 5. Expert says Burma ‘planning nuclear bomb’ http://www.dvb.no/news/expert-says-burma-‘planning-nuclear-bomb’/9527 ဒေါက်တာတင့်ဆွေ ၁-၂-၂ဝ၁၄