Friday, February 14, 2014

တိုင်းပြည်ချစ်သူများနေ့

• မြန်မာပြည်မှာ တမာ၊ လက်ပံ၊ ချိုးငှက်သံ၊
• နွေငွေ့အမှန်တွေ၊ တောင်လေနဲ့အတူ ပြန်လာနေပုံကြတယ်။

• ဒီမှာတော့ ဟိမဝန္တာလေက ပေနေဆဲ၊
• အေးရတဲ့အထဲ မိုးဖွဲဖွဲကျလို့၊ နေရထိုင်ရ ကျဉ်းကြပ်လှတုံးဘဲ။

• ဟိုအနောက်ကမ္ဘာခြမ်းမှာတော့ ဆောင်းက ကြမ်းတုံးရမ်းတုံး၊
• ဘောလုံးပွဲဖျက်၊ အသက်ကြီးသူတွေက ဘုရားတ၊
• အသံလွှင့်ရမဲ့သူတွေက လူစုံမလာနိုင်ကြ။

• တချိန်တခါက နေမဝင်အင်ပါယာ၊ နေဝင်တယ်မရှိ၊
• ခုခေတ်မှာ ရတုသုံးပါးခံ ဒို့မြန်မာ၊ နေသာတယ်မရှိ၊
• သူ့ကြည့်လဲ တဒုက္ခ၊ ကိုယ့်ကြည့်လဲ တဒုက္ခ၊
• တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ ဒါဒို့ပြေ ဒါဒို့မြေ၊
• ကြွေးကြော်သံကြီး မည်ဟီးခိုင်မာစေ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၄