Tuesday, February 4, 2014

ပြည်ထောင်စု ဆိုတာ

မြန်မာနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်။ ဒေသတခုနဲ့တခု မတူပါ။ နေရာတခုကကြိုက်တာကို နေရာတိုင်းမှာ လိုက်လုပ်လို့ မရပါ။ • ကိုယ့်ဟာတခုတည်းအတွက် ကွက်ကြည့်တာ ပြည်ထောင်စုတခုလုံးနဲ့ ဆိုင်တဲ့နိုင်ငံရေး မဟုတ်ပါ။ • ကိုယ့်နိုင်ငံတခုတည်းသာ ကွက်လုပ်တာလဲ နိုင်ငံတကာဆက်ဆံရေးမှာ လုပ်မဖြစ်ပါ။ • တရားဝင်နယ်နိမိတ်အတွင်းက တရားဝင်နေထိုင်ကြတဲ့လူမျိုးတွေရဲ့ တရားတဲ့ အလိုဆန္ဒတွေအားလုံးကို ခြုံကြည့်နိုင်စွမ်းတဲ့ နိုင်ငံရေးသည်သာ တရားနည်းလမ်းကျပါတယ်။ • ပြည်ထောင်စုတခုလုံးမှာ ကိုယ်စားပြုမဲ့ နိုင်ငံရေးပါတီတိုင်းဟာ ပြည်ထောင်စုအမြင်ရှိဘို့ လိုပါတယ်။ ဒေါက်တာတင့်ဆွေ ၃-၂-၂ဝ၁၄