Sunday, May 18, 2014

Nine ကိုးနဝင်း မိုးလင်းမှသိမယ်

• ၉ ဂဏန်းကို မြန်မာလူမျိုးတွေ တော်တော်နှစ်ခြိုက်ကြပါတယ်။ “ကိုးနဝင်းကျေအောင်”၊ “ကိုးနဝင်း မိုးလင်းမှသိမယ်” စသဖြင့် ပြောလေ့၊ သုံးလေ့ ရှိကြတယ်။
• ကိုးနဝင်းဝါဒဟာ ဟိန္ဒူဘာသာကျမ်းဂန်ကနေလာပါသတဲ့။
• ၉ ဂဏန်းရဲ့ ထူးဆန်းတာတခုက ၉ နဲ့ မြှောက်လို့ရတဲ့ ဂဏန်းကို ပေါင်းလိုက်ရင် ၉ ဘဲရတယ်။

• ဗိုလ်နေဝင်းကနေ ၉ဝ ကျပ်တန်၊ ၄၅ ကျပ်တန်ဆိုပြီး ကမ္ဘာမှာ မပေါ်ပေါက်ခဲ့ဘူးတဲ့ ငွေစက္ကူတွေကို ထုတ်ခဲ့တယ်။ ၁၉၈၇ မှာတော့ အဲလိုငွေစက္ကူ အားလုံးကို တရားမဝင်ကြေငြာလိုက်လို့ ငွေကြေးပမာဏ ၇ဝ% နီးပါး အသုံးမဝင် ဖြစ်သွားပေမဲ့ လျှော်ကြေးတပြားမှမပေးခဲ့ပါ။ ဒိနောက် သူလဲ မကြာလိုက်ပါ။
• လက်ရှိအစိုးရလဲ ၉ ကြိုက်တဲ့အထဲမှာ အသေအခြာပါတယ်။ ၂ဝ၁၂ ဝန်ကြီးတွေခန့်တာကို သမ္မတရုံး ဝက်ဘ်ဆိုက်က ကြေညာတဲ့ နေ့ရက်နှင့် အချိန်တွေဟာ (သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ၊ ၄၅ မိနစ်) ၉ ဂဏန်း သုံးခု ဖြစ်နေတယ်။ • အမျိုးသားညီလာခံ စပြီးကျင်းပဘို့အတွက် ၁၉၉၃ ဇန္နဝါရီ ၉ ရက်ကို ရွေးခဲ့တယ်။ ကံဆိုးချင်တော့ တရက်တပိုင်းနဲ့ နားလိုက်ရတယ်။
• အသစ်ပေါ်လာတဲ့ ၅၉ ဖြစ်ဖြစ်၊ တခြားဘာ ၉ ဖြစ်ဖြစ်၊ ဗိုလ်နေဝင်း လက်ထက်ကတည်းက ဂဏန်းနိုင်ငံရေး အမွေပေးခဲ့လို့ “မွေခံထိုက်စေ အာဏာမလွတ်စေနဲ့” ဆိုပြီးလုပ်နေတာပါ။
• ၅၉ ထောက်ခံသူတွေဆိုပြီး ထပ်ထွက်လာကြတယ်။ သဘောမတူပိုင်ခွင့် အပြည့်ရှိပါတယ်။ “ဗွေမယူကြပါနဲ့။ သူတို့လဲ အမွေခွဲယူခြင်ကြလို့ပါ”။
• ဗိုလ်နေဝင်းရဲ့ အရင်းတွေရော၊ မွေးစားတွေရော၊ သွေးသားမတော်စပ်သူတွေလဲ ပါလာပြီဆိုတော့ ကောက်ချက်ချရရင် ၅၉ ရယ်၊ ဘာရယ်မဟုတ် “ဒေါ်စုမဟုတ်ဘို့အရေး ဒို့အရေး” လုပ်နေကြတာကိုး။
• ခုနောက်ဆုံး လူလုံးပြတဲ့ပွဲကိုတွေ့ရတော့ တချိန်က လက်ဝါးစောင်းထက်ခဲ့တဲ့ စွမ်းအားရှင်ကို အဖေတော်ချင်သူ အခုရှာမရတော့တာကို သတိထားမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၂-၂ဝ၁၄