Tuesday, February 25, 2014

စစ်တပ်နဲ့ နိုင်ငံရေး

ဒေါက်တာတင့်ဆွေခင်ဗျား ကျွန်တော်က အိန္ဒိယ အထက်လွှတ်တော်အမတ် ‘ရာဂျစ် ချန်ဒရာရှိတ်ကာ’ ဖြစ်ပါတယ်။ ကျွန်တော်အပြည့်အဝ ယုံကြည်တာကတော့ နိုင်ငံသားတိုင်းမှာ မေးပေးပိုင်ခွင့် ရှိရမယ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်မတော်သားတွေက မဲသိပ်မပေးကြပါ။

ကျွန်တော်တို့ကို အကာကွယ်ပေးနေကြတဲ့ ၂၃ သိန်းသော စစ်သားတွေဟာ ကျွန်တော်တို့ ဒီမိုကရေစီမှာ ပါဝင်မှု သိပ်မရှိကြပါ။ ဒီအကြောင်းထဲမှာ ရွေးကောက်ပွဲကော်မရှင်ကနေ မဲပေးနိုင်တဲ့ အပြင်အဆင်တွေ လုံလောက်အောင် လုပ်မပေးနိုင်တာလဲ ပါဝင်နေပါတယ်။

ကျွန်တော် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ‘ဗွီ၊ ဆမ်ပတ်’ ထံ စာရေးသားပေးပို့ထားပါတယ်။ ဒီလှုံ့ဆော်မှု ‘ကင့်ပိန်း’ မှာ လူကြီးမင်းကိုလဲ ပါဝင်ဘို့ ဖိတ်ခေါ်အပ်ပါတယ်။

https://www.change.org/en-IN/petitions/make-sure-our-armed-forces-personnel-are-able-to-vote?utm_source=action_alert&utm_medium=email&utm_campaign=49788&alert_id=xtnqgQCole_BoweOWUvyu

မှတ်ချက်။ အိန္ဒိယမှာ အဲလို စစ်သားတွေက ရွေးကောက်ပွဲ မဲပေးတာမှာ ပါဝင်မှုနည်းနေပြီး၊ နိုင်ငံရေးမှာဆို လုံးဝမပါကြပါ။ မကြာသေးခင်က ‘စစ်တပ်ကနေ နိုင်ငံရေးမှာပါဘို့ အလားအလာမရှိ’ ဆိုပြီး သုံးသပ်ချက်ဆောင်းပါး တခုလဲ ထွက်လာပါသေးတယ်။ သူတို့ဆီမှာ တရုပ်လို အင်အားကြီးအိမ်နီးချင်းနဲ့ရော၊ ပါကစ္စတန်လို့ လွတ်လပ်ရေး ရကတည်းက ရန်သူလိုနေကြတဲ့ အိမ်နီးချင်း၊ အကြမ်းဖက်မှုနဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ရှိနေတာပါ။ ဒါပေမဲ့ အိန္ဒိယစစ်တပ်က ဂုဏ်သိက္ခာကို ကျကျနနထိန်းထားနိုင်တာဟာ နိုင်ငံရေးမှာ ဝင်မပါလို့ဆိုရင် အလွန်မှန်ပါတယ်။

မြန်မာနိုင်ငံက တပ်မတော်နဲ့ လူထု ဆင်ခြင်နိုင်ဘို့ မျှဝေလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၄