Friday, February 14, 2014

ကနေ့နဲ့ မနက်ဖြန်

• ပဲများသူများလဲရှိ၊
• ပဲနံပြားစားသူများလဲရှိ၊
• မြန်မာပြည်ရဲ့ ကနေ့ပကတိ။

• ပဲပြုတ်နဲ့ နံပြား၊ ကနေ့ နေရာအတော်များများကကြား၊
• ကိုယ်စားရတာထက် ပိုကောင်းသလားမသိ၊
• လူတွေက ဗိုလ်ချုပ်ကို သတိရနေကြ၏။

• နိုင်ငံရေးဆိုတာ ဘာမှန်းမသိ၊
• ချင်းတောင်ပေါ်ရွာကလေးကလာတဲ့ ကျွန်တော့်တပည့်၊
• အသက်မှ ၁၆ နှစ်လောက်သာရှိ၊
• သူ့မေးကြည့် အဖြေမှန်မယ် မထင်မိ၊
• ကွက်တိ-ဒက်ထိ၊ ဗိုလ်ချုပ်မွေးနေ့လို့ အဖြေရရှိ၊
• ကျွန်တော်လဲ ဖရဏာပီတိ ဂွမ်းဆီထိ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၄ ညသန်းခေါင်ယံ