Thursday, February 13, 2014

၁၃-၂-၂ဝ၁၄ ကလေးများနေ့

• ကလေးဘဝ မေ့ကြတယ်၊ ကလေးဘဝ မေ့မရတာတွေရှိမယ်၊
• စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အရေးမှန်သမျှ ကလေးအတွေးကနေစခဲ့ကြရတယ်၊
• တပည့်မကောင်း ဆရာ၊ သားသမီးမကောင်း မိဘ၊ ကလေးမကောင်း လူငယ်-လူကြီး တာဝန်အသီးသီးရှိကြတယ်၊
• ကိုယ့်ကလေး၊ သူများကလေး၊ အတွေးတွေကောင်းစေအောင် လူကြီးမင်းကြံဆောင်ပါလား၊
• စားစရာပေးပါ၊ ကစားစရာပေးပါ၊ သနားစရာမပေးပါနဲ့၊
• စာတလုံးသင်ပေးပါ၊ အလိမ္မာတခွန်းသင်ပေးပါ၊ နမူနာတစပြပေးပါ၊
• ကလေးတွေက ခွင့်လွှတ်ကြသူဖြစ်ပါစေ။

နိုင်ငံရေးမရှိရင် အသိတွေလဲ ချိနဲ့တယ်

• ဒေလီမှာလဲပြောင်းလဲလာပြီ
• အသင်းအဖွဲ့ရယ်လို့မရှိ၊ နိုင်ငံရေးဆိုတာမသိ၊
• ပြည်ထောင်စုနေ့မရှိ၊ ကလေးများနေ့မသိ၊
• ကလေးတွေတော့ရှိ၊ ချစ်သူများနေ့အားလုံးသိ။

တိုင်းရင်းသူလေးလဲသိတဲ့ ဗိုလ်ချုပ်မွေးနေ့

ကနေ့ဆေးခန်းမှာ ဆရာမတွေထဲက အသက်အငယ်ဆုံး မီးငယ်ကို ကနေ့ ဘာနေ့လဲလို့ မေးတော့ 'ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့' လို့ မှန်မှန်ကန်ကန်ဖြေနိုင်လို့ အလွန်ဝမ်းသာမိတယ်။ သူက ၁၆ နှစ်ဝန်းကျင်ဘဲရှိမယ်။ မတူပီကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၃