Wednesday, February 12, 2014

ဘုန်းတော်ဘွဲ့မရေးပါ

(ကောင်းကင်ကို) ရေးတဲ့ “နန်းအချခံရတဲ့ မြို့ (သို့ ) ရန်ကုန်” နဲ့အတူ ဒေါ်ကြည်မေကောင်း တင်ထားတာ ဖတ်ရပါတယ်။
Kyi May Kaung shared Myanmar News Update's photo.
The state of transportation in Burma/Rangoon. U Thant's son died of injuries from fall of a bus like this. This is development, old World War II buses??

• လူတွေအများကြီး ကားခေါင်မိုးပေါ်တက်စီးနေတဲ့ ဓါတ်ပုံတခုကိုသုံးပြီး “ငါးပိတိုင်းပြည်” ရေးမိတယ်။
• တယောက်က “ဒီကားကြီးက အခုမရှိတော့ပါဘူး။ ဘယ်ကယူပြီး ဘယ်တုန်းကရိုက်ထားကြတာလဲ” လို့ မေးလာပါရော။
• ကျွန်တော်လဲ အပြင်နေသူမို့ ငါယူသုံးတဲ့ပုံမှားသလား စဉ်းစားပါတယ်။ တော်သေးတယ်ဗျာ နောက်တယောက်က ကယ်ပေလို့ “ဒီလိုကား ကော့သောင်းမှာ ရှိသေးတယ်” တဲ့။
• “မြန်မာ့ခရီးသွားလာရေးအခက်အခဲ နမူနာလေးတွေကို ဒီလင့်ခ်တွေမှာ ရှိပါတယ်” လို့ လင့်ခ် ၂-၃ ခုလောက် တင်ပေးလိုက်ပါတယ်။ ဒါလဲ မလွတ်ပြန်ဘူး။
• တယောက်က “ဖွနေပြန်ရော” တဲ့ဗျာ။
• “မေးတဲ့သူကမေးလို့ အထောက်အထားတင်ပါတယ်” လို့ တရိုတသေပြန်ဖြေလိုက်ပါတယ်။
• တိုင်းပြည်ထဲနေရသူ မဟုတ်တော့ ဘုန်းတော်ဘွဲ့မရေးရင် ဖွတယ်လို့ အထင်ခံရတာလား မသိပါ။
• ကျွန်တော် နဲနဲကံကောင်းသွားပါတယ်၊ ကျန်တယောက်က ဝင်ကူလို့ “မှန်သဗျို့” တဲ့။
• အပြင်နေသူတွေလဲ အထဲကအပူတော့ သိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၄