Tuesday, February 11, 2014

အိန္ဒိယတက္ကသိုလ်တွေနဲ့ မြန်မာ့အရေး

• အိန္ဒိယမှာ လူဦးရေ ဆယ်သန်းကျော်စီရှိတဲ့မြို့

ကီး လေးခုရှိတယ်။ ဒေလီ၊ ဘုံဘေ (မွန်ဘိုင်း)၊ ကာလကတ္တား (ကိုလ်ကတ္တား) နဲ့ မဒရပ်စ် (ချနိုင်း) ဖြစ်တယ်။ • မြန်မာ့နိုင်ငံရေးကို နိုင်ငံရေးမြို့တော် ဒေလီမှာ အများဆုံးလုပ်ပါတယ်။ ဒေလီမှာ DU ဒေလီတက္ကသိုလ်နဲ့ JNU ဂျဝါဟာလားလ် တက္ကသိုလ်ကြီးနှစ်ခုရှိတယ်။
• JNU မှာ မြန်မာ့အရေးအတွက် ကြိမ်ဖန်များစွာ လုပ်ပါတယ်။ လူမှုရေးသိပ္ပံပါမောက္ခ Dr. Annad Kumar ဒေါက်တာ အာနန်ကူးမားရဲ့ကျေးဇူးဖြစ်တယ်။ ဥပမာ ၇-၄-၂ဝဝ၈ နဲ့ ၁၁-၁၂-၂ဝ၁ဝ နေ့တွေကဟောပြောပွဲတွေ။ ဒီ တက္ကသိုလ်က Dr. Goshal ဒေါက်တာ ဂိုရှယ်လ် (ဗကပ ရဲဘော် ဂိုရှယ်ခေါ် ရဲဘော်ဘတင်ရဲ့တူ) ကလဲ မြန်မာ့အရေးမှာ အားပေး ကူညီပါတယ်။ Dr. Kaul ဒေါက်တာကော်လ် ကလဲ အတူတူဘဲ။ • DU ဒေလီတက္ကသိုလ် အောက်က ကောလိပ်တွေရှိတယ်။ မြန်မာ့အရေးကို (ဇကီးယားဟူစိန်) ကောလိပ်မှာ ၂ဝ၁၁ မတ်လ ၃-၄ တုံးက ဆီမီနာကြီးတခုလုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Dr. Sonu ဒေါက်တာဆိုနူး ကျေးဇူးဖြစ်တယ်။ • DU အောက်က (စိန့်-စတီဖင်) ကောလိပ်မှာတော့ ၁၁-၃-၂ဝ၁၁ နေ့က မြန်မာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး ဟောပြောပွဲတခုလုပ်ဘူးပါတယ်။ • နောက်ပိုင်းမှာ ဒေလီ (ဂျားမီးယား အစ္စလားမီးယား) တက္ကသိုလ်ကလဲ မြန်မာ့အရေးအတွက် ၃-၄ ခါလုပ်ပါတယ်။ မှတ်သားစရာ တချက်က အဲဒီမှာ နောက်ပိုင်းလုပ်တဲ့ မြန်မာ့အရေးဆိုရင် EBO ရုံးနဲ့တွဲလုပ်တိုင်း၊ ကျွန်တော်အပါအဝင် မြန်မာအင်အားစုထဲက ခွဲခြားပြီးသာ ဖိတ်တာတွေ့လာရတယ်။ ပြည်တွင်းက နိုင်ငံရေးပါတီ အစုံ (ကြံ့ခိုင်ရေး၊ တစည၊ တိုင်းရင်းသား ပါတီတွေ) နဲ့ လူပုဂ္ဂိုလ်တွေ (ဥပမာ စာရေးဆရာကျော်ဝင်း) ကို ဖိတ်ပေမဲ့ NLD မပါတာ သိရတယ်။ • (မဒရပ်စ်) တက္ကသိုလ်မှာ မြန်မာ့အရေး သုံးခါသွားဆွေးနွေးခဲ့ရဘူးတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Dr. Ramu ဒေါက်တာရာမူးရဲ့ ကျေးဇူးဖြစ်တယ်။ ဥပမာ ၂၅-၃-၂ဝ၁၁ တောင်အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (ဆီမီနာ) • (မနိပူ) ပြည်နယ်က (အင်ဖါး) တက္ကသိုလ်မှာလဲ ၂ဝ၁၂ ဧပြီ ၂၇-၃ဝ နေ့တွေက မြန်မာ့အရေးဆီမီနာ တခါ လုပ်တယ်။ • ၂ဝဝ၇ မြန်မာရဟန်းတော်များအရေးတုံးက အိန္ဒိယမြို့ကြီးတွေကိုသွားပြီး၊ လှည့်လည်စကားပြောတုံးကတော့ တောင်ပိုင်းက ကောလိပ်တချို့မှာ ပြောဟောခဲ့ပါသေးတယ်။ • (ကာလကတ္တား) နဲ့ (ဘုံဘေ) တက္ကသိုလ်တွေမှာ မြန်မာ့ဒီမိုကရေစီရေး တခါမှမလုပ်ပါ။ ဒေါက်တာတင့်ဆွေ ၁၂-၂-၂ဝ၁၄