Monday, February 10, 2014

ရွေးကောက်ပွဲ ‘အီဗော်လူးရှင်း’

• ၂၃၅ ပါတီရှိတာထဲက ၇၃ ပါတီက ဝင်ပြိုင်တော့ NLD က ဗိုလ်စွဲတယ်လို့ ကြေညာတာခံရ။ နောက်ဆုံးကြ ပြိုင်တဲ့ပါတီအားလုံးရှုံး၊ မပြိုင်သူက အနိုင်ယူတဲ့ “ရွေးကားရွေး၏ မရတဲ့ ၁၉၉ဝ ရွေးကောက်ပွဲ”။
• နိုင်လောက်မဲ့ပါတီတွေကို ပြိုင်ခွင့်မပေး၊ ကိုယ်တိုင်ကျင်းပ၊ ကိုယ်တိုင် အနိုင်ယူခဲ့ကြတဲ့ “ရပြီးသား ရွေးယူတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ”။
• ဒီလောက်လေးတော့ ယူပါစေ၊ ဒါမှ ဒို့လုပ်နေတာတွေကို သူများတွေက ယုံကြမှာမို့ လွှတ်သာပေးလိုက်လို့ဆိုတဲ့ “ပေးကားပေး၏ မဝတဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ”။
• ပါတီတွေအားလုံးပါလာပြီဆိုတော့ သိပ်မချောင်ဘူး၊ လွှတ်တော်ထဲမှာ ဝင်လာမှာကို တားမရရင် သမတလုပ်ချင်လဲ လုပ်ခွင့်မပေးနဲ့ဆိုတဲ့ “ရွေးချင်လဲရွေး ဒါတော့မပေးဆိုတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ”။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄