Saturday, January 25, 2014

၁၉-၁-၂ဝ၁၄ RFA တနင်္ဂင်္င်္နွေစကားဝိုင်း (ဖွဲ့စည်းပုံပြင်ဆင်ရေး)

ဆွေးနွေးသူများ (၁) ဒေါက်တာတင့်ဆွေ၊ (၂) ဦးလှထွန်း (ဒဂုံ)၊ (၃) ဦးရောဘတ် စန်းအောင်။ ကျွန်တော့်ဆွေးနွေးချက်များ အကျဉ်းချုပ် • ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ နိုင်ငံရေးအလုပ်ကြီးတခုဖြစ်တယ်။ ပုဒ်မပေါင်း ၄၅၇၊ ဇယား ၁၊ ၂၊ ၃၊ ၄ နဲ့ စာမျက်နှာ ၁၉၄ ပါတဲ့ ဒီစာအုပ်စိမ်းကိုသာ လှန်လှော ပြောနေကြရင်ဖြင့် မလုံလောက်ဘူး။ • ပွင့်ပွင်လင်းလင်းဥပမာပေးရရင် “ဝတ္တကမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကို အဖယ်မခိုင်းဘဲ၊ တထပ်ထဲသာ လုပ်လိုက်ပါ ခိုင်းနေသလို” ဖြစ်မယ်။ • ဆရာဝန်စကားနဲ့ပြောရရင် ဖွဲ့စည်းပုံ သန္ဓေတည်ခြင်း၊ ကိုယ်ဝန်လွယ်ခြင်း၊ မွေးဖွါးခြင်း၊ အစ-အလယ်-အဆုံး သုံးပါးလုံး ပုံမှန်မဟုတ်ခဲ့ဘူး။ • ရွေးကောက်ခံရတဲ့အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ နဝတ က ကြောညာခဲ့တယ်။ တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမတ်တွေဟာ အမျိုးသား ညီလာခံ အစပိုင်းမှာ ၁၅့၂၄% တက်ခဲ့ရပေမဲ့၊ နောက်ဆုံး ညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။ • အမျိုးသားညီလာခံဆိုတာကို ၉-၁-၁၉၉၃ နေ့ကစခဲ့ပြီး၊ ၁၇-၁၂-၂ဝဝ၇ မှာ အဆုံးသတ်တာမို့ စုစုပေါင်း ၁၄ နှစ် ၁၁ လ နဲ့ ၁၂ ရက် ကြာခဲ့တယ်။ ၁၉၄၇ ဖွဲ့စည်းပုံကိုရေးခဲ့တုံးက ၇ လသာကြာခဲ့တယ်။ • အတည်ပြုရေးဖြစ်တဲ့ ဆန္ဒခံယူပွဲကို လူ ၁၃၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ ဇွတ်အတင်း လုပ်ခဲ့တယ်။ • အမျိုးသားညီလာခံတက်ကြရတဲ့ ၇ဝ၂ ယောက်ဟာ သူတို့ ၁၄ နှစ်ကျော်ကြရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကို ကနေ့တော့ ကိုယ်ရေးခဲ့တဲ့ ဖွဲ့စည်းပုံကို အသက်နဲ့လဲပြီး အကာအကွယ်ပေးမယ်ဆိုတဲ့သူ တယောက်မှမရှိပါလား။ • ဒီဖွဲ့စည်းပုံဟာ ပြည်ထောင်စုတခုလုံးကိုခြုံပြီး ညီတူမျှတူ-တန်တူဖြစ်ရမယ်။ တပ်မတော်နဲ့ လူထုကို ခွဲခြားထားသလို၊ လူများစုနဲ့ လူနည်းစုတွေကိုလဲ ခွဲခြားထားတယ်။ မဖြစ်သင့်ဘူး။ တပ်မတော်ကနေ ဦးဆောင်ပြီး တက်တက်ကြွကြွ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်သင့်တယ်။ တပ်မတော်ဂုဏ်သိက္ခာနဲ့ သမိုင်းကောင်းဘို့ ဖြစ်တယ်။ • နဝတ လက်ထက်မှာ ဒိုင်ယာလော့ခ် ခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းတဲ့အခါ အမျိုးသားညီလာခံမှာသာ ပြောမယ်လို့ ဆိုခဲ့တယ်။ အခုလဲ လွှတ်တော်မှာသာပြင်ရမယ်လို့ဖြစ်နေတာ မလုံလောက်ဘူး။ ၁ဝ၉ ဦးပါ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီဟာ စာရေးကြီးအလုပ်သာ လုပ်ခွင့်ရှိတယ်။ • ဒေါ်အောင်ဆန်းစုကြည် တီးတိန်မှာပြောသွားတယ်။ ဖွဲ့စည်းပုံကို ၉၂% ကျော်က ထောက်ခံတယ်ဆိုတာ ခေါင်းညိတ်ထောက်ခံတာလား၊ ခေါင်သုံးထောက်ခံတာလားတဲ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လူထုက ခေါင်းသုံးကြပါ။ တပ်မတော်ကလဲခေါင်းသုံးပါ။ • ဒေါ်အောင်ဆန်းစုကြည် ဘာလို့ လူထုထဲသွား ပြောဟောနေသလဲ။ သူကချည်းပြောတာ မဟုတ်ဘူး။ လူထုဆန္ဒကိုလဲ ယူတယ်။ • လူထုမပါဘဲ၊ တပ်မတော်မပါဘဲ ဖွဲ့စည်းပုံပြင်ဆင်ဘို့ မသင့်ဘူး။ • ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အတွင်းဆင်းပြီးသွားနိုင်ရင်တော့ အကောင်ဆုံးဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄ http://streamer1.rfaweb.org/stream/BUR/BUR-2014-0119-0030.mp3