Wednesday, January 29, 2014

NLD နဲ့ အိုင်ဒီယော်လော်ဂျီ

NLD မှာ (အိုင်ဒီယော်လော်ဂျီ) မရှိဘူးလို့ထောက်ပြတယ်။ ကျွန်တော်လဲ မရှိပါကြောင်း ရေးထားခဲ့တာကြာပါပြီ။ နိုင်ငံရေး (အိုင်ဒီယော်လော်ဂျီ) ဆိုတာက စာထဲမှာအများကြီးရှိတယ်။ ဒါတောင်မှ ကနေ့တရုပ်ပြည်မှာဘာလဲ၊ မြောက်ကိုရီးယား မှာဘာလဲ ဆိုတာတွေမပါသေးဘူး။ (စကင်ဒီနေးဗီးယား) နဲ့ ဂျာမဏီက ပါတီတွေရဲ့ ဆိုရှယ်လစ် အမျိုးအစားတွေကလဲ တမျိုးတဘာသာစီ ရှိသေးတယ်။ (၁) မင်းမဲ့ဝါဒ • မင်းမဲ့ဝါဒရိုးရိုး • တဦးခြင်းမင်းမဲ့ဝါဒ • ဒေသတွင်းမင်းမဲ့ဝါဒ • ဆိုရှယ်မင်းမဲ့ဝါဒ • မင်းမဲ့ကွန်မြူနစ် • အခြားမင်းမဲ့ဝါဒ (၂) ကွန်မြူနစ် • မာ့ခ် - လက်ဝဲ - လီနင်ဝါဒ - ပြန်လည်ဆန်းသစ်မှုဆန့်ကျင်ရေး • မင်းမဲ့ကွန်မြူနစ် • ဘာသာရေးကွန်မြူနစ် (၃) ကွန်ဆာဗေးတစ် • ရိုးရိုး • ဒေသစွဲ • အခြား (၄) ဆိုရှယ်လစ် • ရိုးရိုး • ပွင့်လင်းသောဆိုရှယ်လစ် - ပွင့်လင်းသော မာ့ခ်ဝါဒ - မင်းမဲ့ဆိုရှယ်လစ် • ပြုပြင်ပြောင်းလဲရေးဆိုရှယ်လစ် • ဒီမိုကရက်တစ်ဆိုရှယ်လစ် • ဆိုရှယ်ဒီမိုကရေစီ • ဒေသစွဲ • ဘာသာရေးဆိုရှယ်လစ် • တော်လှန်သောဆိုရှယ်လစ် - ရိုးရိုး - မာ့ခ်ဝါဒ - မင်းမဲ့ဆိုရှယ်လစ် - အခြား (၅) လစ်ဘရယ် • ရိုးရိုး • လစ်ဘရယ်အစစ် - ဆိုရှယ်လစ် လစ်ဘရယ် - လက်ျာယိမ်း လစ်ဘရယ် • အခြား (၆) အမျိုးသားရေး • ရိုးရိုး • ဖက်ဆစ် • ဒေသဆိုင်ရာအမျိုးသားရေး • ဇီယွန် • ပြန်လည်ပူးပေါင်းရေး • အခြား (၇) ဘာသာရေး • ရိုးရိုး • ဗုဒ္ဓဘာသာ • ခရစ်ယန် • ဟင်ဒူ • အစ္စလမ် • ဂျူး • မော်မွန်း • ဆစ် (၈) သဘာဝပတ်ဝန်းကျင် (၉) လိင်ခွဲမခြားမှု • ရိုးရိုး • မိန်းမဦးစားပေး - ရိုးရိုး - ဘာသာရေးမိန်းမဦးစားပေး • ဂေး • ယောက်ျားဦးစားပေး မြန်မာပြည်နဲ့ တိုက်ရိုက်ဆိုင်တာပြောရရင် ကွန်မြူနစ်ပါတီတွေထဲက ကျန်နေတဲ့ (ဗကပ) ကနေ သူ့ပါတီရဲ့ အယူအဆကို သူကိုယ်တိုင်ပြောမှမှန်မယ်။ ၂၆ နှစ်ကြာခဲ့တဲ့ (မဆလ) ပါတီဆီကတော့ ကနေ့ ဆိုရှယ်လစ်စကား သိပ်မကြားရဘူး။ ၁၉၉ဝ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြတဲ့ နိုင်ငံရေးပါတီ ၂၃၅ ပါတီထဲမှာ ဆိုရှယ်လစ်ဆိုတဲ့စာလုံး တလုံးမှမပါခဲ့ဘူး။ ဒါကြောင့် ဆိုရှယ်လစ်အယူအဆကို လက်ခံတဲ့သူ မြန်မာပြည်မှာမရှိတော့ဘူး ဆိုတဲ့ ကောက်ချက်ကို ချလို့မရဘူး။ ၃ဝ-၄-၂ဝဝ၇ မှာ အဖွဲ့ဝင်အင်အား ၂၄ သန်းရှိတယ်လို့ဆိုတဲ့ USDP မှာလဲ ဘယ်လိုနိုင်ငံရေးအယူအဆမှ မရှိပါ။ ဆောင်ပုဒ်ကတော့ စိတ်ဓာတ်၊ ကြံ့ခိုင်၊ စည်းလုံးလို့ ဖတ်ရတယ်။ NLD မှာ ပါတီ ဖွဲ့ကာစ ကွန်မြူနစ်ဟောင်းတွေဆိုတာနဲ့ နိဒါန်းပျိုးခဲ့ရတယ်။ အခုလဲ နပမ်းလုံးစရာတွေက များသေးတယ်။ ခေါင်းအေးအေးစဉ်းစားဘို့ အချိန်မရှိဘူး။ (အိုင်ဒီယော်လော်ဂျီ) နဲ့မှသာ စစ်အာဏာရှင်က ပြုတ်ကျမယ်လဲ မထင်ပါ။ နိုင်ငံရေး (အိုင်ဒီယော်လော်ဂျီ) မရှိလို့ အထင်သေးချင်လဲ သေးတော့လို့သာ ပြောချင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၄