Sunday, January 26, 2014

"(ကွန်မင့်) များနှင့် စကားပြောခြင်း" နောက်ဆက်တွဲ (၂)

• ဖေ့စ်ဘွတ်သုံးသူတွေထဲမှာ ဘာသာဝင်အမျိုးမျိုးတွေရှိကြတယ်။ ဗုဒ္ဓဘာသာထဲက သာဓကတခုကို ထောက်ပြတာမှာ နည်းလည်မှုပေးစေချင်ပါတယ်။။ • “ရှင်မဟာမောဂ္ဂလာန်” ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ လက်ဝဲတော်ရံနဲ့ တန်ခိုးအရာမှာ သူ့ထက်သာသူ မရှိအောင် ကြီးမားတဲ့ ဧတဒဂ်ရသူ ရဟန္တာကိုယ်တော်မြတ်ကြီးဖြစ်ပါတယ်။ သူကွယ်လွန်တဲ့အခါ အတိတ်ဘဝ ဝဋ်ကြွေးအရ သူခိုးဓါးပြတွေကနေ သတ်ဖြတ်တာခံခဲ့ရတယ်။ ဒီတော့ ဓါးပြကနေ အသတ်ခံရသူတိုင်းကို အပြစ်ဖို့တာမျိုးမှာ ဆင်ခြင်သင့်ကြတယ်။ • အခုလို ဘာသာတရားနဲ့ ဘုန်းကြီးတပါးကို မဂ္ဂဇင်းတခုကနေ စော်ကားတာမျိုးမှာ ဒီသဘောအတိုင်း ဆင်ခြင်စေချင်ပါတယ်။ • သူတပါး အစော်ကားခံနေရတဲ့သူကိုလဲ ကိုယ်ကနေပါ ဝင်စော်ကားမိရင် “ငါပါနှစ်ကောင် ဖြစ်သွားမယ်” ဆိုတာမျိုး အဖြစ်မခံသင့်ပါ။ • တခြားဘာသာဝင်များကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ်ကိုးကွယ်နေတဲ့ဘာသာနဲ့ ပတ်သက်ပြီး တရားတော်ကိုဖြစ်ဖြစ်၊ ကိုယ့်ဘာသာကို ပွါးစီအောင် (တရားသဖြင့်) လုပ်နေသူ (ဓမ္မဆရာ) တွေကိုဖြစ်ဖြစ်၊ ဘာသာဝင်တဦးဦးကိုဖြစ်ဖြစ် ဝေဖန်ကဲ့ရဲ့တာရှိရင် ကဲ့ရဲ့သူကိုသာ မြင်ကြစေချင်ပါတယ်။ ဘယ်သာသာကနေ စော်ကားတယ်လို့ မမြင်ကြစေချင်ပါ။ • ဗုဒ္ဓဘာသာဝင်များကလဲ ဒီသဘောမျိုး ထားရှိသင့်ကြပါတယ်။ • သူများနိုင်ငံမှာ ရောက်နေရတဲ့ မြန်မာဒုက္ခသည်တိုင်းဟာ အဲဒီနိုင်ငံဆိုင်ရာ သံအမတ်ကြီးလိုမျိုး ကိုယ့်တိုင်းပြည်ရဲ့ဂုဏ်ကို တင်ကြရတယ်။ ကိုယ့်ကြည့်ပြီး ဒီနိုင်ငံသား ဒီလိုပါလား ဖြစ်လေ့ရှိတတ်ပါတယ်။ ဒေါက်တာတင့်ဆွေ (၂၄-၆-၂ဝ၁၃)