Wednesday, January 29, 2014

“ယူနီဖေါင်းတော်လှန်ရေး”

• “ပီအာ” ကို ဖြစ်စေခြင်ကြတဲ့ နိုင်ငံရေးပါတီငယ် (အမတ်နည်းသေးလို့သာ ပြောတာပါ) ကိုတော့ စာနာပါတယ်။ ဒီမိုကရေစီအတွက်လုပ်တဲ့ နိုင်ငံရေးပါတီတွေကိုလဲ အားနာပါတယ်။ • ပြည်ခိုင်ဖြိုးက “ပီအာ” ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ လုပ်ခြင်လာပြီဆိုရင်တော့ တမျိုးစဉ်းစားကြရလိမ့်မယ်။ • ပြည်ခိုင်ဖြိုးက လက်ရှိ အမျိုးသားလွှတ်တော်မှာ (124/224 = 55.35%) နဲ့ ပြည်သူ့လွှတ်တော်မှာ (212/440 = 48.18%) အမတ်နေရာယူထားတယ်။ • ယူနီဖေါင်းဝတ်နဲ့ ယူနီဖေါင်းချွတ်တွေအားလုံး တိုင်းပြည် ဆင်းရဲဒုက္ခတွေ ရောက်အောင်လုပ်တာမှာ တာဝန်ရှိတယ်။ • ဒိအရင် ၂၆ နှစ်စာတာဝန်ရှိတဲ့ “မဆလ” တဖြစ်လဲ “တစည” ကလဲ ပုဒ်မ ၅၉ မှာ အသေအလဲခုခံနေတယ်။ သူလဲ ယူနီဖေါင်းချွတ်ထားတာဘဲ။ • ကနေ့မြန်မာ့နိုင်ငံရေးဟာ “ယူနီဖေါင်းတော်လှန်ရေး” ဖြစ်တယ်။ • ယူနီဖေါင်းတခါမှ မဝတ်သူတွေ “ယူနတီ” ရှိကြပါ။ “ယူနီဖိုင်း” ဖြစ်ကြပါခင်ဗျား။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၄