Saturday, January 25, 2014

"ပုလဲက ကျွန်တော့်အိမ်နဲ့ဆေးခန်းလေး နောက်ဆုံးမြင်ကွင်းနဲ့ ရင်တွင်းစကား"

ကျွန်တော် ဖတ်နေရင်း အသံတိမ်ဝင်သွားလို့ အန်တီကနေ ဆက်ဖတ်ပေးပါတယ်။ ကိုစိန်ဝင်းကို အထူးကျေးဇူးတင်ပါတယ်။ ဒီကနေ့ ၂၁-၁-၂၀၁၄ ပုလဲရောက်ခဲ့တယ်ဆရာ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ကျွန်တော် အသဲရောင်လူနာအဖြစ်နဲ့ ဆေးကုသခံခဲ့ဘူးတဲ့နေရာလေးပါဆရာ၊ အဲဒီတုံးက ကျွန်တော်မှတ်မိနေတာ လူနာတွေသိပ်များနေလို့ ထမင်းစားချိန် မရဘူးနဲ့တူပါရဲ့ ဆရာငှက်ပျောသီးတလုံးကို ကမန်းကတန်းစားပြီး ကျွန်တော့်ကို စမ်းသပ်ပေးခဲ့တာလေ။ ခုတော့ ဆရာ့ကို အားကိုးတကြီး ချစ်ခင်လေးစားတဲ့မျက်နှာတွေနဲ့ ကြိတ်ကြိတ်တိုးနေခဲ့တဲ့ အဲဒီနေရာလေးဟာ ပုလဲမြို့ရဲ့ သီးခြားကမ္ဘာလေးလို ခြောက်ခြားတိတ်ဆိတ်လို့ဆရာ၊ အဲဒီမြင်ကွင်းတခုနဲ့ ပုလဲဟာ အရုပ်ဆိုး အကျဉ်းတန်လှပြီဆရာ။ ဒါပေမယ့် ဆရာ • သူပုန်ဖြစ်သွားတဲ့ ဆရာဝန်၊ • ဝရမ်းပြေးဖြစ်ရတဲ့ အမတ် • လွှတ်တော်မရှိတဲ့ ကိုယ်စားလှယ် • လူနာနဲ့ ဆရာဝန်မရှိတဲ့ ဆေးခန်း • နောင်ဥဒါန်းဘယ်ကျေပါ့မလဲ ဆရာရယ်။ ဆရာ ဒေါက်တာတင့်ဆွေနှင့် အန်တီ ဒေါ်မြမြအး သတိရလျှက် Sein Win