Sunday, January 26, 2014

"ရန်ကုန်သားတွေက ရောမသားတွေထက် ကံကောင်းပါတယ်"

• Nero နီရိုးဘုရင်ကြီးလို့သိတဲ့ ရောမ အင်ပါရာဟာ Nero Claudius Caesar Augustus Germanicus (နီရို ကလောဒိယပ်စ် ဆီဇာ အော်ဂတ်စ်တပ်စ် ဂျာမေနီကပ်စ်) ဖြစ်တယ်။ သူ့လက်ထက်မှာ သံတမန်ဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ယဉ်ကျေးမှုထွန်းကားရေးတွေ ဆောင်ရွက်ခဲ့တယ်။ ကဇာတ်ရုံတွေ၊ အားကစားရုံတွေ ဆောက်စေတယ်။ • ၁၉-၇-ဝဝ၆၄ နေ့မှာ ရောမမြို့တော်ကြီး မီးအကြီးအကျယ်လောင်တယ်။ ဒီမီးကို သူ့အစီအစဉ်အသစ် လုပ်ချင်တာမို့ ဘုရင်ကိုယ်တိုင်က ရှို့ခိုင်းတာလို့ ယူဆကြတယ်။ မီးလဲလောင်ပြီးရော Domus Aurea ခေါ်တဲ့ အင်မတန် လှပခမ်းနာတဲ့ မြို့အဆောက်အဦတွေ ဆောက်လုပ်ခဲ့တယ်။ • ဒါကြောင့် Emperor who fiddled while Rome burned ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးတဲ့ ဘုရင်ကြီးလို့ နာမည်ဆိုးနဲ့ ရာဇဝင်တွင်ခဲ့တယ်။ • ရောမမြို့ကြီး မီးလောင်တဲနေ့ဟာ ၁၉ ဇူလိုင်နေ့ဖြစ်တာ မှတ်သားစရာပါ။ • ရန်ကုန်သားတွေက ရောမသားတွေထက် ကံကောင်းကြတယ်။ ရန်ကုန်ကို မီးမရှို့ဘဲ ကြပ်ပြေး ရွေ့သွားလို့ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၁၇-၅-၂ဝ၁၃