Sunday, November 10, 2013

UG ဆိုတာ

ကျွန်တော့ကို ဖမ်းမမိလို့ ထောင် ၄ နှစ်တိတိချခံရတဲ့ ကျွန်တော့်ညီ ဦးတင်လေးအောင်၊ အစိုးရအလုပ်လဲပြန်မရလို့ မုံရွာမှာ အင်္ဂလိပ်စာကျူရှင်ဆရာလုပ်နေပါတယ်။ ကျွန်တော်ကနိုင်ငံရေး NLD ထဲဝင်ကတည်းက ညီဖြစ်သူက အစိုးရအလုပ်ထဲမို့ ကင်းကင်းရှင်းရှင်းနေခဲ့ကြတယ်။ တခုတည်းမှားသွားတယ်။ သူက ကျွန်တော့်ဆီကို Autobiography of GW Bush စာအုပ်လှမ်းပို့တယ်။ သူ့ကို စွဲချက်တင်တော့ "ကွန်မြူနစ်" တဲ့။ UG တဲ့။