Friday, November 8, 2013

မြန်မာ့လျှပ်စစ်အခြေအနေ

• မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုဟာ အာရှမှာ အနိမ့်ဆုံးဖြစ်တယ်။ ၂ဝဝ၉ ခုစာရင်းဇယားအရ အာဖကန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေထက်တောင်မှ မြန်မာပြည်နိမ့်ကျတယ်။
• ပြည်တွင်းထွက် သဘာဝဓါတ်ငွေ့ကို ပြည်တွင်းမှာ ဘယ်လောက်ဈေးနဲ့ရောင်းမလဲဆိုတာ ပေါ်လစီ ဆုံးဖြတ်ချက် ဖြစ်တယ်။ တရုပ်ကိုရောင်းတဲ့ဈေးနဲ့လား။ ထိုင်းကိုရောင်းတဲ့ဈေးနဲ့လား။ ဒီထက်နည်းမလား။ ပြည်တွင်းမှာ နည်းပြီးရောင်အုံးတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကာမိပါတယ်။
• တိုင်းတပါးကုမ္ပဏီတွေက အရမ်းဝင်လာချင်ကြတယ်။ သူတို့အပေါ် Export tax တင်ပို့ခွန် ၂ဝ% တိုးကောက်လိုက်လို့ $10 per million BTU ဆိုတာ နိုင်ငံခြားကုမ္ပဏီတွေအတွက် မထောင်းထာပါ။
• ပြည်တွင်းမှာ $8. If $8 per million BTU လုပ်မယ်ဆိုရင် လောင်စာကုန်ကျစရိတ်ဟာ ထိရောက်တဲ့ ပူးတွဲ-ဆလင်ဒါ ဂျင်နရေတာအတွက် 5 cents per kWh သာရှိပါမယ်။
• လက်ရှိအခက်အခဲကတော့ ဂျင်နရေတာတွေ၊ ထရန်စဖေါမာတွေနဲ့ ဓါတ်အားလိုင်းတွေဆောက်ဘို့ ငွေအရင်းအနှီး ဖြစ်ပါတယ်။
• ဓါတ်ငွေအားကို ရန်ကုန်မှာ ထိရောက်တဲ့ ပူးတွဲဆလင်ဒါဂျင်နရေတာနဲ့ သုံးနိုင်လာဘို့ရာ နှစ်တွေ ကြာပါအုံးမယ်။
• တနှစ်မှာ 700 megawatts of base load power နှုန်းနဲ့ ၅ နှစ်စီမံကိန်းလုပ်ပြီး တိုးတက်လာစေချင်တယ်ဆိုရင် $1000/kilowatt ကုန်ကျပါမယ်။ တနှစ်မှာ ဓါတ်ငွေ့ဆိုရင် $700 million လိုအပ်ပါမယ်။ ရေအားလျှပ်စစ်ဆိုရင် $1500 ကုန်ပါမယ်။

၂ဝဝ၉ လျှပ်စစ်ဓါတ်အား အခြေပြဇယား
နိုင်ငံ - လျှပ်စစ်သုံးနိုင်နှုန်း - လျှပ်စစ်မသုံးနိုင်သူသန်းပေါင်း - သုံးနှုန်း (kWh/person)
ဘင်္ဂလားဒက်ရှ် = 41.0% - 96 - 252
တရုပ် = 99.4% - 8 - 2631
ကမ္ဘောဒီးယား = 24.0% - 11 - 131
အင်ဒိုနီးရှား = 64.5% - 82 - 590
မလေးရှား = 99.4% - 0.2 - 3614
ထိုင်း = 99.3% - 0.5 - 2045
ဗီယက်နမ် = 97.6% - 2.1 - 918
မြန်မာ = 13.0% - 44 - 104

Source: Connectivity from the International Energy Agency; Electricity consumption per capita from the World Bank data web site. 2009 is the most recent year available for all nations.
Electricity in Myanmar: The Missing Prerequisite for Development
May 31, 2012

လျှပ်စစ် အဖြစ်မှန်
• စစ်ပွဲတွေအကြီးအကျယ်ဖြစ်။ နိုင်ငံခြားတပ်တွေ တခုပြီးတခုဝင်၊ အကြမ်းဖက်မှုက နေ့တိုင်းရှိတဲ့ အာဖာကန်ထက် မြန်မာပြည်က အောက်ကျနေရတာ ဓါတ်လိုက်တာထက် နာဘို့ကောင်းတယ်။
• တယောက်က အောက်မှာ ချွေတာကြဘို့ အကြံပေးတယ်။ ဖအေပေးတာကို ချွေတာသုံးတာကတော့ ဟုတ်ပါရဲ့ ဖအေလုပ်သူက အိမ်ပြင်မှာ ဘာတွေရှုပ်နေလို့ ဒီလောက်လေးသာ အိမ်ကိုအပ်နိုင်တာလဲ သားမီးတွေက သိကြသင့်တယ်။
• အစိုးရက လျှပ်စစ်မီတာခအရှုံးခံနေရတယ်ပြောလို့ ကျေးဇူးသိပ်တင်ချင်မနေပါနဲ့။
• အစိုးရကနေ တောင်သူလယ်သမားတွေကို ရောင်းဈေးနဲ့ ကုန်ကျစရိတ်မမျှတလို့ ထောက်ပံ့ပေးတဲ့ ပေါ်လီဆိုတာ တိုင်းပြည်အတော်များများရှိတယ်။
• အမေရိကားမှာ အစိုးရကနေ တောင်သူလယ်သမားတွေအတွက် တနှစ်ကို ဒေါ်လာ ၂ဝ ဘီလျန် အကုန်အကျခံပေးနေတယ်။
• အနှစ် ၅ဝ အတွင်းမှာ အစိုးရတွေ ဓါတ်သက်ပါနေခဲ့လို တိုင်းပြည်မှာ နေပြည်တော်ကလွဲရင် လျှပ်စစ်ဓါတ် မလုံလောက်ပါ။

ဒေါက်တာတင့်ဆွေ
၈-၁၁-၂ဝ၁၃