Wednesday, November 20, 2013

၁၉၉ဝ မှ ၂ဝ၁၅ သို့

• စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲ NLD အမတ်ဟောင်းနဲ့ အမတ်သစ်တို့ ကနေ့ညနေမှာ ပဌမဆုံးအကြိမ် ပြန်လည် တွေ့ဆုံနိုင်ကြပါတယ်။
• ကျွန်တော့်အတွက်တော့ လွှတ်တော်တွင်း၊ လွှတ်တော်ပ နိုင်ငံရေးအခြေအနေတွေကို စေ့စေ့ငုငုသိခွင့် ထပ်ရလို့ ဒေါ်ခင်စန်းလှိုင်ကို အထူးကျေးဇူးတင်မိတယ်။
• ပြည်သူလူထုရဲ့ ခံစားချက်တွေ၊ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကိုလဲ စောကြောကြပါတယ်။
• အာဏာရယူထားသူတွေရဲ့ အနေအထားတွေ၊ ခြေလှမ်းတွေ၊ အလားအလာတွေကိုလဲ တွက်ဆကြပါတယ်။
• ကျွန်တော်တို့နှစ်ယောက်လုံးက NLD ပါတီတွင်းအခြေအနေမှန်တွေကိုလဲ မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်မှုတွေ လုပ်ကြပါတယ်။
• ပါတီစည်းလုံးညီညွတ်ရေးကို အလေးထားကြတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တာဝန်ယူခဲ့သူတွေနဲ့ အသစ်တက်လာကြသူတွေ လက်တွဲညီညီ ချိတ်ဆက်နိုင်ရေးတွက်ကိုလဲ အလေးထားပြီး ပြောခဲ့ကြတယ်။
• ကျွန်တော်တို့ နှစ်ယောက်လုံးက ၂ဝ၁၅ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်အနိုင်ရရေးကို အာရုံထားပြီး၊ အမြင်တွေ ဖလှယ်ကြပါသေးတယ်။
• ကျွန်တော်တို့တတွေ လူခြင်း၊ အကြံဥာဏ်ခြင်း ပြန်ဆုံနိုင်ကြသလို ၁၉၉ဝ ပါတီဝင်တွေနဲ့ ၂ဝ၁ဝ လွန် ပါတီဝင်တွေလဲ လက်တွဲ ညီနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
• ၂ဝ၁၅ ရလဒ်ကို ကျွန်တော်တို့တတွေရဲ့ ညီညွတ်မှုနဲ့ အကောင်းဆုံးဖေါ်ဆောင်ကြပါစို့။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၃