Saturday, November 23, 2013

“မတူတဲ့ ‘မ’ သုံးလုံး”

• သူများ ‘မ’ သုံးလုံး
သမတ၊ ဦးအောင်မင်း၊ ကားပါမစ်။

• ကျွန်တော့် ‘မ’ သုံးလုံး
မဲပေးခဲ့သူ၊ ကျန်းမာရေး-နိုင်ငံရေး မေးခွန်းမေးသူ၊ အမေခေါင်းချသွားတဲ့နေရာ။

“အကောင်းမမြင်နိုင်သေးပါဗျာ”

• သမတအကြံပေးပုဂ္ဂိုလ်ကြီးတွေနေ မြန်မာပြည်မှာ ဒီမိုကရေစီရှိလာကြောင်း၊ စီးပွါးရေး အခွင့်အလမ်းတွေ အများကြီး ရှိပါကြောင်း၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကလဲ အားရစရာကောင်းကြောင်း စတာတွေကို နိုင်ငံတကာက သိအောင် အင်္ဂလိပ်လို ဆောင်းပါးတွေ ရေးနေချိန်မှာ
• ကျွန်တော်ကတော့ ဗမာလို ပြည်သူပြည်သားတွေ သိအောင် အရှိကိန်းဂဏန်းတွေကိုသာ ရေးနေပါတယ်။
• ကျွန်တော်ကို အဆိုးမြင်ဝါဒီလို့ သမုတ်နိုင်သလို၊ အဲဒီ ဗိုလ်လို ရေးသား-ပြောကြားနေသူတွေဟာ (ယူဖိုးရီးယား) ရနေသူတွေသာဖြစ်ပါတယ်။

Corruption Perceptions Index 2012 http://cpi.transparency.org/cpi2012/interactive2/
အဂတိလိုက်စားမှုညွှန်းကိန်း အဆိုးဆုံးနိုင်ငံများ
၁၇၂ = မြန်မာ၊ ၁၇၃ = ဆူဒန်၊ ၁၇၄ = အာဖကန်၊ ၁၇၅ = မြောက်ကိုရီးယား၊ ၁၇၆ = ဆိုမာလီ။

The World Health Organization's ranking of the world's health systems http://www.photius.com/rankings/healthranks.html
ကျန်းမာရေးအဆင့်အတန်း အနိမ့်ကျဆုံးနိုင်ငံများ
၁၈၇ = နိုက်ဂျီးရီးယား၊ ၁၈၈ = ကွန်ဂို၊ ၁၈၉ = အလယ်ပိုင်းအာဖရိက၊ ၁၉ဝ = မြန်မာ (နောက်ဆုံး)။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၃