Monday, November 18, 2013

သတင်းတွေကို နားထောင်နေပါတယ်

• နေ့တိုင်းအလုပ်က မနက်နဲ့ညနေ အနည်းဆုံး ရေဒီယိုနှစ်ခုကို နားထောင်ပါတယ်။ ကျန်တဲ့အချိန်မှာ အင်တာနက်။ ဖေ့စ်ဘွတ်လဲ ဟိုကျော်သည်လွှား ကြည့်ပါတယ်။ ကနေ့ ညနေပိုင်း ရေဒီယိုတွေ နားထောင်ဖြစ်တော့ -
• ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော်မှာလုပ်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံပြင်ဆင်ရေး လူထုအစည်းအဝေးမှာ စကားပြောတဲ့သတင်း ပါတယ်။ ရေဒီယိုတွေက အသံဖိုင်လဲလွှင့်ပေးတယ်။
• ရေဒီယိုတခုကသုံးတဲ့ အသံဖိုင်ကိုနားထောင်တော့ ၂ဝ၁ဝ နောက်ပိုင်းမှာ ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေသံအတိုင်းမျိုးဘဲလို့ အကဲခတ်မိတယ်။
• နောက်ရေဒီယိုကို နားထောင်တော့ ဒေါ်စုကနေ့ပြောဟောတာက ၁၉၉ဝ ကျော်ကာကလ လေသံမျိုး “ပြတ်ပြတ်၊ မာမာ၊ လက်ခုပ်သံလဲပါတာ” ကြားရပါတယ်။
• သတင်းတွေကို တနေရာတည်းကနေ တဖြတ်ကလေးသာ ယူမိရင် အကဲခတ်တာ လွဲတော့မှာသေချာတယ်။

ဒေါက်တာတင့်ဆွေ ၁၈-၁၁-၂ဝ၁၃