Wednesday, November 20, 2013

လွှတ်တော်အမတ်တွေ မဲဆန္ဒနယ်မြေအတွက် ရံပုံငွေသတ်မှတ်ချက်

အမတ်တွေ ကျပ်သိန်း ၁ဝဝဝ ဖွံ့ဖြိုးရေးရံပုံငွေ လုပ်တာ အိန္ဒိယမှာ ရှိတယ်။ အဲ့ဒီလို လုပ်တာလို့ ပြောတယ်။ ဆရာအားရင် ဟုတ် မဟုတ် နဲနဲ ရှင်းပြပေးပါအုန်း။ (့)

• အိန္ဒိယ အောက်လွှတ်တော်အမတ်တွေ သက်တမ်း ၅ နှစ်ရှိတယ်။ အမတ်တယောက်အတွက် မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ဘို့ရာ ၅ နှစ်တာအတွက် ၁၉ ကုဋေသတ်မှတ်ပေးထားပါတယ်။
• ပဌမ ၂ နှစ်မှာ တနှစ်ကို ၂ ကုဋေစီနဲ့ နောက် ၃ နှစ်အတွက် တနှစ်ကို ၃ ကုဋေစီဖြစ်တယ်။
• သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို ဘာတွေလုပ်ပါဆိုတဲ့ လမ်းညွှန်မှုတွေပေးဘို့ဖြစ်တယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်ရာစီမံချက်တွေထဲမှာ ထည့်သွင်းဆောင်ရွက်ကြရတယ်။
• အမတ်တွေကနေ ခရိုင်အဖွဲ့တွေကို လုပ်ငန်းနှောင့်နှေးလို့ အပြစ်တင်ရတာတွေ ရှိတယ်။
• ၁၅ ကြိမ်မြောက် အောက်လွှတ်တော် (လော့ဆာဗား) အတွင်းမှာ အမတ် ၁၆၃ ဦးဟာ သုံးသင့်တာထက် နည်းပြီးသုံးထားကြတယ်။ သက်တမ်းကုန်ဘို့က တနှစ်တောင်မလိုတော့ပါ။
• ဒီရံပုံငွေကို Member of Parliament Local Area Development Scheme (MPLADS) လို့ခေါ်တယ်။
• ကနေ့ ငွေလဲနှုန်းအရ ရူးပီး ၁ဝဝ = မြန်မာ ၁,၅၅ဝ ကျပ်။ ရူးပီး ၁ ကုဋေ = ၁၅၅,ဝဝဝ,ဝဝဝ ကျပ် = ကျပ်သိန်းပေါင်း ၁၅,၅ဝဝ တိတိ။
• ရူပီး ၁၉ ကုဋေ = ကျပ်သိန်းပေါင်း ၂၉၄,၅ဝဝ တိတိ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၃