Monday, November 18, 2013

ဘယ်စကား တရားဝင်သလဲ

• အိန္ဒိယမှာ (ဆမာ့ခ်ျဝါဒီ) နိုင်ငံရေးပါတီခေါင်းဆောင် (မူလာယန်ဆင်း ယာဒက်ဖ်) ကနေ အင်္ဂလိပ်စကားကို လွှတ်တော်မှာ တရားဝင်စကားအဖြစ် သုံးနေတာကို ပယ်ဖျက်ဘို့ တောင်းဆိုလိုက်တယ်။
• လက်ရှိ ဟင်ဒီနဲ့ အင်္ဂလိပ်စကား နှစ်မျိုးလုံးက တရားဝင် ဖြစ်ပါတယ်။
• (ဂူဂျရက်) ပြည်နယ် အထက်တရားရုံးက အဲဒီတောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။ ဟင်ဒီဟာ အိန္ဒိယမှာ အများဆုံးပြောတဲ့စကားဖြစ်ပေမဲ့ နိုင်ငံတော်စကားလုပ်ဘို့ အချက်အလက် မခိုင်လုံးဘူးလို့ ဆိုလိုက်ပါတယ်။
• အိန္ဒိယဖွဲ့စည်းပုံမှာ ဟင်ဒီကို တရားဝင် ဘာသာစကားအဖြစ်ပါပေမဲ့ နိုင်ငံတော်ဘာသာစကားလို့ မပါရှိပါ။
• အိန္ဒိယမှာ တချို့ပြည်နယ်တွေက ဟင်ဒီကို မပြောရလို့လုပ်ထားတယ်။
• မြန်မာနိုင်ငံမှာလဲ ခုတလော ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြောဆိုကြတာထဲမှာ မြန်မာ (ဗမာ) စကား-ဘာသာကို မသုံးချင်တဲ့ အသံလဲ ထွက်လာတယ်။
• မြန်မာစကားမဟုတ်ရင် တချို့က အင်္ဂလိပ်လို့ပြောကောင်းပြောမယ်၊ ဘုန်းဘုန်းတွေက ပါဠိဖြစ်စေချင်သလား မပြောတတ်ပါ။ (မန်ဒါရင်) လို့ပြောလာမှာတော့ စိုးရိမ်မိပါတယ်။
• ကိုယ့်ကိုယ်ပိုင်ကိုမြှင့်တင်ချင်တာ လူ့သဘောဖြစ်ပါတယ်။ သူများကိုယ်ပိုင်ကို နှိမ်ချင်တာလဲ လူတွေပါဘဲ။
• ကျွန်တော့ဆေးခန်းမှာ ၉ဝ% လောက်လူနာတွေက ဗမာစကားတတ် မပြောကြပါ။ ဒါပေမဲ့ ရောဂါတွေပျောက်ပြီး၊ ကလေးတွေမွေးတာ တယောက်ပြီးတယောက်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၃