Friday, November 15, 2013

ဘာလို့ ပြန်မလာသေးလဲ

အမေး။ ဒေါက်တာစိန်ဝင်း ဘာလို့ ပြန်မလာလဲ။

ကျွန်တော့်အဖြေ။
• ဒေါက်တာစိန်ဝင်းက လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စစ်အုပ်စုကို မယုံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လန်ဒန်မှာ စတွေ့တော့ NCGUB အစိုးရ ဖျက်မယ်ဆိုတာကို ကြိုတင်ပြောလိုက်တယ်။
• ဒေါ်စုက အင်းလဲ မပြော၊ မဖျက်ပါနဲ့လဲ မပြောဘူး။ “အပြင်ကနေ မြန်မာပြည်ရဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး ထောက်ပြနေတာ၊ အကြံပြုနေတာမျိုး လိုအပ်တယ်” လို့ ဒေါ်စုကနေပြောခဲ့တယ်။
• သူရော ကျွန်တော်ပါ အဲဒီအတွက် ဘာအထောက်အပံ့မှမရှိဘဲ ဆက်လုပ်နေကြပါတယ်။ The Burma Fund (TBF) နာမည်နဲ့ပါ။
• သူက အမေရိကန်ပြည်ထောင်စု၊ မေရီလင်းမှာ နေပါတယ်။
• ဒေါ်စုကို ဒေါက်တာစိန်ဝင်း သွားတွေ့တာက ၂ဝ၁၂ ဇွန်လထဲမှာ၊ NCGUB ကိုဖျက်တာက စက်တင်္ဘာလမှာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂ဝ၁၃