Monday, October 28, 2013

“ဆိုရှယ်ကွန်ယက် ဆွေးနွေးချက်”

(၁) ဆရာရေ အခုတော့ ၇၈၆ ပြီးတော့ ဗုံးတွေလာပြန်ပြီဗျ။ နောက် ဘာတွေလာအုံးမလဲဆရာ။
(၂) အခုချိန် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံကို အပြင်ကတတ်နိုင်သလောက် အကျိုးပြုဆောင်ရွက်နိုင်ပါစေ။

• ဟုတ်တယ်။ ၇၈၆-၉၆၉ ၊ ဗုံး၊ စတာတွေဟာ သူတို့အတွင်းမှာ
(၁) ဆရာရေ အခုတော့ ၇၈၆ ပြီးတော့ ဗုံးတွေလာပြန်ပြီဗျ။ နောက် ဘာတွေလာအုံးမလဲဆရာ
(၂) ၂ဝ၁၅ အတွက် ပြင်ဆင်မှုတွေဖြစ်တယ်။
• ကြိုတင်မဲနဲ့ ဖရောင်းသုတ်တွေ မလုပ်တော့ဘဲ နည်းသစ်လာမယ်။
• ဘာသာရေးနဲ့ မျိုးချစ်ဆိုတာကို စမ်းကြည့်နေတယ်။ နောက်လဲ လာချင်လာအုံးမယ်။
• သူတို့ရဲ့ မဲဘဏ်တိုက်မှာ စုဆောင်းနေတာသာဖြစ်တယ်။
• “ကြံဖွတ်လက်သစ်” လာမယ်။
• တိုင်းပြည်တိုင်းမှာ နိုင်ငံရေးဆိုရင် ‘လူအတွေ’ က များတယ်။
(၁) သည်းခြေကြိုက် (ပိုက်ဆံ၊ ဘာသာရေး၊ မျိုးချစ်စိတ်) နဲ့
(၂) ဝါဒဖြန့်ချိရေးကောင်းရင် လိုက်ကြတာဘဲ။

• ဘာသာရေးကို ကြည်ညိုလို့ မဟုတ်ဘူး။ မျိုးချစ်တာလဲမဟုတ်ဘူး။
• ခေါင်းစဉ်တခုတပ်လိုရင် နောက်မှာ ရိုးရိုးသားသားနဲ့ လိုက်ပါသူတွေကကလဲ အများကြီး။ ဒီအားနည်းချက်ကို ကောင်းကောင်း အသုံးချလိမ့်မယ်။
• ‘ဗခမက သန်းရွှေက မဖြစ်သင့်တာတွေဖြစ်မှာကို စိုးရိမ်မှုရှိတယ်’ လို့ တဆင့်နားဖေါက်လိုက်တာဟာ
(၁) ဒီမိုကရေစီ အခွင့်အရေးတွေ ပိုရကြမှာကို စိုးရိမ်သလို
(၂) သူချထားခဲ့တဲ့အကွက်အတိုင်း ဖြစ်ချင်မှဖြစ်မယ်လို့ သံသယရှိတာကို ပြောပုံရတယ်။ သူ့အာဏာ ကျစပြုနေပြီ။ ဦးနေဝင်းလဲ အဲလိုဘဲ မဟုတ်လား။
• ‘လက်ရှိသမတက အရွေးမခံတော့ဘူး’ လို့ သူ့နေရာကိုချိန်နေသူကနေ ပြောတာဟာလဲ သူတို့အချင်ချင်း “အတွင်းစစ်ခင်းနေတယ်” ဆိုတဲ့တွက်ချက်မှုကို ပိုပြီးခိုင်မာစေတယ်။
• ဒေါ်စုနဲ့ NLD ကို ဆန့်ကျင်သံတွေထွက်လာအောင် လုပ်လိမ့်မယ်။ ဒေါ်စုကို အစကတည်းက မကြိုက်သူတွေလဲ ရှိပါတယ်။ နောက်ထပ် မကြိုက်တာတွေပေါ်အောင်လုပ်နေတယ်။
• အရင်ကတည်းက မကြိုက်သူတွေက ဝါဒဖြန့်ချိမှုကို အရင်ခံထားရပြီးသူတွေဖြစ်တယ်။ နောက်လူတွေကို နောက်နည်းတွေနဲ့ လုပ်နေတယ်။
• လသာတုံး ဗိုင်းငင်သူတွေလဲ ခေတ်တိုင်းမှာရှိသလို ရှိပါတယ်။ ရေဆန်တက်ရတာ ကြာတော့ ညောင်းညာသူတွေလဲ အညာခံချင်လာကြတယ်။
• လူထု (အများစု) ဟာ နိုင်ငံရေး ပိုမြင်နိုင်ပြီး ပိုလုပ်တတ်လာကြတယ်။ ပိုရင့်ကျက်လာကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၃