Sunday, November 17, 2013

Homesick (Sick Clinic) ဆေးခန်းလေးသို့ တမ်းချင်း

• Kyaw Khaing what is this..?
• Nay Thiha ဒေါက်တာတင့်ဆွေရဲ့ ပုလဲကဆေးခန်း
• Daw Htay Htay Where is it?
• Tint Swe ၁၉၉ဝ ရွေးကောက်ပွဲရဲ့ သမိုင်းပြတိုက်လေးတခု စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့၊ ပါရမီရက်ကွက်မှာရှိတယ်။

• Nay Mya Mya Swe မြန်မာပြည်မှာရှိစဉ် အချိန်အများဆုံးနေခဲ့တဲ့ ပုလဲကအိမ်လေး။ အစိုးရက ချိတ်ပိတ်ခြင်းခံထားရတဲ့ အိမ်လေးပါ။
• U Zar Nayya ဓါတ်ပုံကြည့်ရတာထက် ပုလဲအိ်မ်ကို ကိုယ်တိုင်ကြည့်မိတဲ့သူအနေနဲ့ အရမ်းခံစားရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာလေးဟာ ဟိုးလွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးစတဲ့ အနောက်နယ်တစ်ခွင်ရဲ့ အသက်ရှင်သန်ရာ ကျန်းမာရေးအတွက် အားထားရာ၊ တနည်းအားဖြင့် ခေတ်သစ် ဆရာဇီဝကရဲ့ စံအိမ်လေးပါ။ ခုတော့ မြင်ရက်စရာ မရှိလောက်အောင်ပါပဲ။ သခင်ပြင်္နအလာကို မျှော်နေရှာတဲ့၊ မိဘပြန်အလာကို စောင့်စားနေတဲ့ ရင်ခွင်မဲ့သားလေး။ ဘယ်တော့များမှ နွေးထွေးနိုင်ပါ့မလဲနော့့်။
• Tin Myo Zaw ပုလဲက ဆရာနေခဲ့တဲ့အိမ်လို့ ထင်ပါတယ် ဟုတ်ပါသလား ဆရာ။
• Tint Swe ဟုတ်ပါတယ်။ ၁၉၉ဝ ရဲ့ သမိုင်းပြတိုက်လေးတခုပေါ့။

• Tin Myo Zaw ကျွန်တော် ၁ နှစ်ကို ၃ ခေါက်လောက် ပုလဲကိုရောက်တိုင်း ဆရာ့အိမ်လေးကို ကြည့်ဖြစ်ပါတယ်။ ကျွန်တော့်ဇနီးက မင်းတိုင်ပင် နွယ်အင်းရွာကပါ။ December လကျရင် တစ်ခေါက်သွားပါမယ် မှာစရာရှိရင်မှာပါ ဆရာ။
• Tint Swe အေးဗျာ ကျွန်တော့် နယ်သူနယ်သားတွေကိုရော ကျွန်တော့် အိမ်လေးကိုပါ နေ့တိုင်းညတိုင်း သတိရနေပါတယ်လို့ ပြောပြပေးပါ။
• Tin Myo Zaw ဟုတ်ကဲ့ပါ ဆရာ။
• Htet Minlwin စိတ်မကောင်းပါ ဆရာ။ ပြည်တော်ပြန်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်။ ဆရာမိတ်ဆွေကြီး ဒေါက်တာသောင်းထွန်းတို့တောင် ပြန်ရောက်နေပါပကော။
• Alfred Balwin shared your photo. VERY NOSTALGIC DR. TINT SWE. I TOO HAVE A FOND MEMORY OF SAGAING HTOO PAR YONE STREET.
• Sanay Minthar shared your photo. ပြန်လာခဲ့ပါဆရာ။
• Dr. Tint Swe ဆေးခန်းလေးထဲမှာ လူနာတွေ အများကြီးကို ဆေးကုသပေးခဲ့တယ်။ ဆေးခန်းဘေးမှာ နိုင်ငံရေးလုပ်ခဲ့တယ်။ ၁၉၉ဝ နိုဝင်္ဘာလထဲ ထွက်ပြေးရပြီးနောက် မကြာခင်ကတည်းက အခုထိ ချိတ်ပိတ်ထားခြင်း ခံရပါတယ်။

• Mrm Sai Dr. Tint Swe I am a student of U Tin Lay who is your little Brother. I just respect you so much.
• Dr. Tint Swe My younger brother was jailed in Monywa prison for 4 years because I escaped from Burma.

• Mrm Sai Yah... He is my Great Teacher. When I attend the school. Just now he is popular teacher in Monywa. He has broad-minded and he tell us about your life.
• Sansan Yee ဆရာ သမီးလဲ ခုထိစိတ်မကောင်းဖြစ်ရဆဲပါ။ ကိုယ့်နယ်မှာ လူတော်လူကောင်းတစ်ယောက် ဆုံးရှုံးသွားခဲ့ရတာပါ။ အများကြီးနစ်နာပါတယ်ဆရာ။
• Kyawthan Oo ပြန်လာလို့မရသေးဘူးလား ဆရာကြီး။ အပြင်မှာမမြင်ဘူးပေမယ့် ဆရာကြီးတို့ ဖြတ်သန်းခဲ့ရမှုတွေကို တစွန်းတစတော့ ကြားဘူးလို့ပါ။ India ကို ခြေလျှင်တောင်လျှောက်ရတယ်လို့ မသေချာသော တဆင့်စကားကြားဖူးလို့ စိတ်မကောင်းဖြစ်မိပါတယ်။
• Dr. Tint Swe ၆ ရက်နဲ့၊ ၅ ညတိတိ၊ ခြေလျင်ခရီး၊ ချင်းတောင်တန်းပေါ်ကို ဒီဇင်္ဘာလထဲ ဖြတ်ကျော်ခဲ့ကြရပါတယ်။

• Kyi Kyitharthar အားလုံးက မှတ်မိနေဆဲပါ။ ကျနော်တို့ သက်လတ်တွေထိ ဆရာ့ကို မမြင်ဘူးပေမယ့် အသိထဲမှာ လေးစားတန်ဖိုးထားပါတယ်။
• Kyi Kyitharthar ဆက်လက်ပြီး ဆရာ့ရဲ့ ရှင်သန်မှုတွေက နောက်လူငယ်မျိုးဆက်အတွက် နမူနာကောင်းတွေ ဖြစ်နေဆဲပါ။ ခုထိ အကျိုးပြု နေဆဲပါလို့ဆရာ။
• Dr. Tint Swe အိမ်မှာ ဘယ်သူမှမရှိတာ လူတိုင်းသိတယ်။ ဒါပေမဲ့ ဖျက်ဆီးခိုးယူသူမရှိပါ။ နယ်သူနယ်သားများ အလွန်တော်ကြပါပေတယ်။ သဘာဝဘေးဒဏ်နဲ့ မင်းဆိုးဒဏ်သာခံရတယ်။

• Kyi Kyitharthar ဆရာ ကျနော်ပြောပြနေတဲ့ ဆရာရဲ့ ရှင်သန်မှုပါပဲ။ ဒါဟာ စကားလုံးတွေမပါတဲ့ ရှင်သန်ဆဲ ပြယုဒ်ပါလား။
• Sein Win ဆရာ ကျွန်တော်လဲ အဲဒီဆေးခန်းလေးထဲမှာ လူနာတစ်ယောက်အဖြစ် ဆေးကုသခံခဲ့ဖူးတယ်။ ဆရာ အပြင်ရောက်နေတော့ အန်တီအေးကို တတ်နိုင်သလောက် ကူညီခဲ့ဖူးတယ်။ အန်တီအေး ခရီးမထွက်ခင်ညအထိ စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ ခုတော့ အနှစ်နှစ်ဆယ်ကျော်ပြီ။ နေနေ (နေမြမြဆွေ) တောင် ဆယ်တန်း အောင်တဲ့နှစ်ကနေ အိမ်ထောင်တွေကျ ကလေးတွေရကုန်ပေါ့။ အန်တီဒေါ်မြမြအေးကို သတိရတယ်၊ အန်တီ ဒေါ်နန်းသိန်းမေကိုလဲ သတိရတယ်၊ နှစ်ယောက်စလုံးနဲ့ ကျွန်တော်တို့ ပြန်မတွေ့ဖြစ်ကြတော့ အော် အနှစ်နှစ်ဆယ်ကျော့့်။
• Toelay Toelay ကျနော့် အမြင်အာရုံထဲက ခုထိမထွက်သေးပါဘူး။ ကျနော်ပုလဲမှာ ကျောင်းသွားတက်ရတဲ့ အချိန် ဒေါက်တင့်တို့ရဲ့ အိမ်ကို သံကြိုးကြီးနဲ့ သော့ခတ်ပြီး ချိတ်ပိတ်ထားကြတယ်။ ရင့်နင့်ဖွယ်ရာ မြင်ကွင်းတစ်ခုပါ။
• Ko Gyi Thein စိတ်မကောင်းလိုက်တာ ဆရာ
• Dr. Tint Swe လောကသုံးပါးထဲနေသူတိုင်းဟာ လောကဓံရှစ်ပါးကို ရင်ဆိုင်ကျော်လွှားဘို့ အမြဲကြိုးစားနေကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၃